Tuesday, January 27, 2026

ညောင်ရွှေတွင် ဝက်များသေဆုံးမှုကြောင့် ဝက်သားရောင်းဝယ်မှု ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်းရှိ ကျေးရွာများတွင် မွေးမြူရေးဝက်များ သေဆုံးမှု ဖြစ်ပွါးရာ ဝက်သားရောင်းဝယ်မှု ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

၀က်များသည် အနံ့အသက်ဆိုးများထွက်ကာ နှာခေါင်းသွေးယိုပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း အင်းလေးဒေသအတွင်း ကျေးရွာ ၁၇ ရွာတွင် ၀က်များ သေဆုံးနေခြင်းဖြစ်ကြောင်းညောင်ရွှေမြို့နေဒေသခံများကပြောသည်။

“အင်းထဲမှာဆို ဝက်တွေ မရှိတော့သလောက်ပဲ။ အရမ်းသေတယ် အနံ့လည်းတအားနံတယ် ။  နှာခေါင်းကနေ သွေးတွေ ထွက်တယ်။ အစာကြောင့်လည်း မဟုတ်ဘူး။ ရေလည်း ပုံမှန်ချိုးပေးတယ်” ဟု ညောင်ရွှေမြို့နယ် အင်းပေါခုံရွာမှ ဒေသခံ မခိုင်ဝါဝါစိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဝက်များ သေဆုံးမှုသည် မေလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သဖြင့် ဇွန် (၁) ရက်ကစပြီး ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာန မှ ညောင်ရွှေမြို့နယ် နှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိသည့် မြို့နယ် များသို့ ဝက် နှင့် ဝက်ထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ရောင်းချမှုများ ယာယီကန့်သတ်ထားကြောင်း ထုတ်ပြန်ထားသည်။

“ ဝက်တွေ သေတာ တလ ဝန်းကျင်ရှိပြီ၊ အိမ်တအိမ်မှာ ၅ကောင်မွေးရင် တနေ့တည်း ၂ကောင်လောက်သေတယ်” ဟု အင်းပေါခုံရွာ ဒေသခံ မခိုင်ဝါဝါစိုး က ဆိုသည်။

မွေးမြူရေး ဝက်များသည် နှစ်စဉ်နှစ်တိုင်း ယခုလို အချိန်တွင် သေဆုံးမှု ရှိခဲ့သော်လည်း ယခုနှစ်တွင် သေဆုံးမှုနှုန်းပိုများကြောင်း၊ သေဆုံးသွားသည့် ဝက်များကို စနစ်တကျ မြုပ်နှံခြင်းမရှိသည်ကို လည်း ဒေသခံများ ပြောပြချက် အရ သိရသည်။

“ ဌာန ဆိုင်ရာတွေကတော့ အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်တယ်လို့ ပြောတာပဲ” ဟု အင်းလေး ဒေသခံ တဦး က ပြောသည်။

ထို့ကြောင့် ညောင်ရွှေမြို့နယ် နှင့် နယ်မြေချင်း ဆက်စပ်သည့် တောင်ကြီး၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ၊ ဟိုပုံး၊ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယ နှင့် ရွာငံမြို့နယ် တို့တွင် တမြို့နယ် နှင့်တမြို့နယ် တို့ လည်းကောင်း ပြင်ပဒေသသို့ ဝက် နှင့် ဝက်ထွက် ပစ္စည်းများ တင်သွင်း သို့လှောင် ရောင်းချမှုများ ယာယီကန့်သတ်ထားကြောင်း ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် နှစ်ကလည်း သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် ကျိုင်းတုံ တွင် မွေးမြူရေး ဝက်များ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News