Thursday, April 25, 2024

သျှမ်းတောင် ကိုဗစ်-၁၉ သံသယစောင့်ကြည့်လူနာ ၁၃၀ ဦးရှိ

Must read

သျှမ်းပြည်တောင်ပိုင်း ရှိ ပြည်သူ့ဆေးရုံများ တွင် ကိုဗစ် – ၁၉ သံသယစောင့်ကြည့်လူနာ ၁၃၀ ဦး ရှိကြောင်း သိရသည်။

Photo by NRC

ဇန်နဝါရီ ၁ ရက် မှ စပြီး ဇွန်လ ၄ ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် – ၁၉ သံသယစောင့်ကြည့်လူနာ ၁၃၀ ဦး ရှိကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဓါတ်ခွဲနမူနာ ပို့ဖို့ ၁ ယောက်ကျန်နေတယ်။ ကျန်တဲ့ သူတွေအကုန်လုံးက ပို့ပြီးပြီ” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

စဝ်စံထွန်း ဆေးရုံမှာ ပိုးတွေ့လူနာ ၁ ဦး ရှိပြီး အသွားအလာ ကန့်သတ်ထားသူ ၂ ဦး ရှိထားသည်။

“မောက်မယ်ဆေးရုံက လူနာ ၁ ယောက်ပဲ ပို့ဖို့ ကျန်တာ။ ကျန်တဲ့ သူ အကုန်လုံးတော့ ဓါတ်ခွဲနမူနာ ပို့ထားပီးပီ။ လူနာထဲက ၃ ယောက်က အဖြေမရသေးဘူး။ မနေ့ က ပို့ထားတယ် ဒီနေ့ သို့မဟုတ် နက်ဖန် သိမယ် အဖြေက” ဟု ဒေါက်တာနှင်းအိဖြူ က ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ် – ၁၉ ကူးစက်သူ ၂၃၄ ဦး ရှိပြီး ပြန်လည်သက်သာလာသူ ၁၄၅ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိသည်။ ပိုးကူးစက်သူ ၂၃၄ ဦး အနက် သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်း ဆေးရုံမှာ တစ်ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ တစ်ဦး ၁ ဦး ရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article