ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန်ရှင်နာဝပ် ထိုင်းအစိုးရအဖွဲ့သစ်ထဲ ယဉ်ကျေးမှုဝန်ကြီးဖြစ်လာ
SHAN -
ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုအတွင်း ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ထိုင်းအစိုးရအဖွဲ့ထဲတွင် ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရသည့် ပေထုန်တန် ရှင်နာဝပ်သည် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသည်။ ယနေ့ (ဇူလိုင်လ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်းအစိုးရအိမ်တော်၌ ကျင်းပသည့် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားသည့် Suriya Jungrungreangkit...
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုးဗြဲမြို့မြောက်ဘက်...
တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...
ယနေ့ ( ဇူလိုင်လ ၃ ရက် ) မနက် ၇ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း မြင်းခြံမြို့အနီး ဗဟိုပြု၍ အင်အားမဂ္ဂနီကျူ ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ အင်အားမဂ္ဂနီကျူ ၄,၉ ငလျင်လှုပ်ခတ်မှုကြောင့် မြင်းခြံမြို့အပြင် မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ဆည်...
စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် သျှမ်းတောင်တွင် ကျပ်သိန်း (၈၀)ပေါက်
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် ကျပ်သိန်း (၈၀)ထိပေါက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...
စစ်ကောင်စီက တာလေတံတား ညဖြတ်သန်းခွင့်ကန့်သတ်
သျှမ်းပြည် အရှေ့ပိုင်း တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ညအချိန်ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ဒေသခံများအတွက် ကျန်းမာရေး အရေးပေါ်လူနာအတွက် အခက်အခဲဖြစ်ကြောင်း သတင်းရရှိသည်။ တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ည ၁၀ နာရီအချိန်ကျော်လျှင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုသည့်အပြင် အရေးပေါ်လူနာတင်ကားများကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် ဒေသခံများ...
ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများကို NUG သတိပေး
SHAN -
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေးစာ ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင် ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် NUG ၏ အသိပေးမေတ္တာရပ်ခံချက်ထဲတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ...
လားရှိုး-မိုင်းရယ်ကြား MNDAA ဂိတ်တွင် အခွန်အဆမတန်ကောက်ခံ၊ ကုန်သည်အခက်တွေ့
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို အခွန်အဆမတန် ကောက်ခံနေခြင်းကြောင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်နှင့် မိုင်းရယ်မြို့နယ် ဟိုဟကျေးရွာကြားရှိ လွယ်ငင်းကျေးရွာအနီး ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားသည့် ကုန်တင်ကားများကို...
PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော်...
နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...





