ကျောက်မဲမြို့နယ် စစ်ဘေးရှောင်ရှိရာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု TSU ပြင်းထန်စွာ ကန့်ကွတ်

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ စစ်ဘေးရှောင်ရှိရာ ဘုန်းကြီးကျောင်းပေါ် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူများ သေဆုံးထိခိုက်ခဲ့ရခြင်းကို သျှမ်းကျောင်းသားသမဂ္ဂ (TSU) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (သြဂုတ် ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။

ယမန်နေ့ (သြဂုတ်လ ၂၀ ရက်)တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ စစ်ရှောင်ပြည်သူများ တိမ်းရှောင်လျက်ရှိသည့် ပင်တီးရွာ မဇ္ဈိမာရာမ အလယ်ကျောင်းပေါ်သို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများ တည်းခိုနေသည့် စစ်ရှောင်စခန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲချ တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ပြည်သူများအတွက် တရားမျှတမှု ပြန်လည်ရရှိစေရန် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“တိုက်ပွဲတွေဖြစ်ရင် အရပ်သားတွေက ဘုန်ကြီးကျောင်းတွေကို တိမ်းရှောင်ကြတာ များတယ်။ အဲ့တာကို သိသိရက်နဲ့ အရပ်သားတွေ ရှိတဲ့နေရာကို ဒီလိုမျိုး လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုလုပ်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တဲ့အတွက်ကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်။ သူတို့ရဲ့ ဒီလို လုပ်ရက်တွေကို နောင်တစ်ချိန်မှာ အရေးယူနိုင်‌အောင် မှတ်တမ်းတင်ထားမှာ ဖြစ်လို့ အရေးယူလို့ရအောင်လည်း ကြိုးစာသွားမှာ ဖြစ်တယ်”ဟု သျှမ်းကျောင်းသားသမဂ္ဂ (TSU)၏ အလုပ်အမှုဆောင် တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ပိန် စစ်ဘေးရှောင်များ

ကျောက်မဲမြို့နယ် အနီးတဝိုက်ရှိ ကျေးရွာများတွင် လှုပ်ရှားသွားလာနေကြသော လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အရပ်သားပြည်သူလူထုကို ငဲ့ညှာသောအားဖြင့် ပြည်သူများအကြားတွင် ဝင်ရောက်နေထိုင်ခြင်း မပြုကြပါရန်နှင့် ထွက်ပြေးနေသည့်ပြည်သူများကို ဘေးလွတ်ကင်းအောင် တက်စွမ်းသမျှ ကူညီပေးကြရန် တောင်းဆိုကြောင်း
သျှမ်းကျောင်းသားသမဂ္ဂ (TSU)၏ အလုပ်အမှုဆောင် တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

“အရပ်သားတွေ ရှိတဲ့နေရာတွေကို လက်နက်ကိုင်တွေအနေနဲ့ အတတ်နိုင်ဆုံး မသွားလာကြဖို့၊ တကယ်လို့ စစ်ရေးဖော်ဆောင်မယ် ဆိုရင်လည်း အရပ်သားတွေကို အရင်ဆုံး ဘေးလွတ်ရာ ကင်းလွတ်ရာကို ကယ်ထုတ်ပြီးမှ တိုက်ပွဲတွေကို ဆက်ဖော်ဆောင်ဖို့ မေတ္တာရပ်ခံပါတယ်”၎င်းက ဆက်ပြောသည်။

အလားတူ TNLA တပ်ဖွဲ့အနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်မည့် ဒေသခံပြည်သူများကို ဟန့်တားပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး လေကြောင်းအန္တရာယ် ကျရောက်နိုင်သော၊ ထင်သာမြင်သာ ရှိနေသော လုံခြုံရေး စစ်ဆေးရေး ဂိတ်များကို ချက်ခြင်း ဖျက်သိမ်းကာ အရပ်သားပြည်သူများနှင့် ဝေးရာနေရာများသို့ အမြန် ပြောင်းရွေ့ပေးသွားရန်လည်း ရန်ကုန်သျှမ်းလူငယ်များအသင်း TYY က ယမန်နေ့တွင် တောင်းဆိုထားသည်။

လက်ရှိ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဒေသခံပြည်သူ ထောင်ချီသည် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြသည့်အတွက် အကူအညီ မြောက်များစွာ လိုအပ်နေပြီး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂမှ တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...