ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာ မှ ဒေသခံ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှင့် တိုက်ပွဲပြင်းထန်မှုတို့ကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် (ဩဂုတ်လ ၁၈ ရက်) စတင်ပြီး စစ်ကောင်မရှင်တပ်သည် နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀) ကျော် မြေပြင်စစ်ကြောင်း ထိုးလာပြီးနောက် (ဩဂုတ်လ ၁၉ ရက်)တွင် TNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်။

အဆိုပါ တိုက်ပွဲပြင်းထန်မှု နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ကျောင်းမဲမြို့နယ် နောင်ပိန်တိုက်နယ်အပါအဝင် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၃ ထောင်ခန့်သည် ပြီးခဲ့သည့် (သြဂုတ်လ ၁၉ ရက်) မှစပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း နောင်ပိန်တိုက်နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“စစ်ဘေးရှောင်လာတာ (သြဂုတ်လ ၁၉ ရက်) ကတည်းက ရှောင်နေရတာ။ တချို့တွေကလည်း ဒီလောက်ထိ ထပ်ပြေးရမယ်မထင်ခဲ့ဘူး။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်တဲ့အချိန်ကြတော့ ရုတ်တရက်ထွက်ပြေးလာကြတာ။အခု ဒီကျောက်မဲအရှေ့ခြမ်းတကြောလုံးက ရွာတွေမှာ ရှောင်လာကြတာ။” ဟု နောင်ပိန် စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့်လွှတ်ရာပြေးနေသည့် နောင်ပိန်ဒေသခံများ

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းမှထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ခန့်သည် လက်ရှိတွင် နီးစပ်ရွာ ကျေးရွာရှိ ဆွေမျိုး အိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင် နေကြရပြီး အဝတ်အစား နှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း နောင်ပိန် စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦး က ဆက်ပြောသည်။

“ရုတ်တရက်ဆို‌တော့ တချို့ကလည်း အဝတ်တစုံနှစ်စုံလောက်ပဲပါလာကြတာ။တချို့တွေကလည်း လမ်းဘေးမှာ ကားထိုးပြီး အိပ်တာမျိုးတောင်ရှိတယ်။တချို့လည်း အမျိုးအိမ်တွေ၊သူစိမ်းအိမ်တွေမှာ တောင်းနေရမျိုးတွေလည်းရှိတယ်။ လောဆယ် လာကူညီတဲ့သူတွေတော့မရှိသေးဘူး။တက်နိုင်သလောက် ပါလာတာလေးနဲ့ ရှိတာနဲ့စားနေရကြတယ်။”ဟု ၎င်းက ပြောသည်။

ထိုထွက်ပြေးလာသည့် စစ်ဘေးရှောင် ၃ ထောင်ခန့်သည်လက်ရှိတွင်း နမ့်ဟူးရွာ၊ ပန်စုံရွာ၊ ဟဲကွီရွာ၊ နမ့်ဟန်ခိတ်ရွာ၊ နောင်ကမ်ရွာ၊ ပုံဝိုးရွာ၊ နောင်မိန်းရွာ နှင့် ခေါက်ဝိုးရွာကျေးရွာတို့တွင် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းထဲတွင်လည်း TNLA ပူးပေါင်းတပ်ဖွဲ့ နှင့် မြေပြင်တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...