Friday, February 6, 2026

CATEGORY

သတင်း

သျှမ်းလွှတ်တော်ထဲ သတင်းယူရန် ခက်ခဲ

သျှမ်းပြည် လွှတ်တော်တွင် သတင်းယူသည့် သတင်းမီဒီယာသမားများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။   သျှမ်းပြည် လွှတ်တော် အစည်းအဝေး ခန်းမထဲတွင် သတင်းမီဒီယာသမားများ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်မရှိကြောင်း၊ လွှတ်တာ် အစည်းအဝေး သတင်းယူမည်ဆိုပါက သက်ဆိုင်ရာအား အဆင့်ဆင့် စာတင်ပြရသည်မှာလည်း အခက်အခဲရှိနေကြောင်း တောင်ကြီး သတင်းထောက် အသင်း အလုပ်အမှုဆောင်...

မိုင်းကိုင် စစ်ရှောင်တဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည် အစိုးရကူညီ

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည် အစိုးရ က တဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ...

လူစုလူဝေး ပြုလုပ်သည့် ကိစ္စ အစိုးရ စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လူစုလူဝေး ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ အနေဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်သည်။   အဆိုပါ ပြောကြားချက်သည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းေရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင်...

မူဆယ်နယ်စပ်ဂိတ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပုံမှန်ပြန်လည် ဝင်၊ထွက်သွားလာနေ

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များ ဝင်၊ ထွက်သွားလာမှု ယခင်က အတိုင်းပြန်ဖြစ်နေကြောင်း သိရသည်။   တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နိုင်ငံအတွင်းရှိ ဈေးဆိုင်များ၊ စက်ရုံများ ယာယီပိတ်ဆိုင်း ခဲ့ကြသည်။ ထိုပိတ်ဆိုင်းမှုကြောင့်...

ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးနှင့် လက်နက်ခဲယမ်းများ ဆက်လက် သိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာအတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်များ ထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ မတ်လ ၁၁ ရက်မနက် ၁၀ နာရီအချိန်ခန့်က ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ ဦးဝမ်တာဂျုံး ပိုင်သည့် နေအိမ် အတွင်း ရဲနှင့်စစ်တပ်တို့ ဝင်ရောက်စစ်ဆေးရာ မြေအောက်ခန်းတွင် Sniper...

သမ္မတ ကန့်သတ်ရေး ပုဒ်မ ၅၉ (စ) အပါအဝင် ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့ မအောင်မြင်

၂၀၀၈ ဖွဲ့စည်းပုံ ခြေ/ဥ ပြင်ဆင်ရေး ဒုတိယနေ့တွင် သမ္မတဖြစ်ရေး အတွက် ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (စ) အပါဝင် ပုဒ်မ ၁၅ ခု ပြင်ဆင်ခွင့်မရခဲ့ကြောင်း သတင်းရရှိ သည်။   ယနေ့ ပြည်ထောင်စု လွှတ်တော် တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ...

လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်မှ လူထုအား သစ်၊ ဝါးပို့ခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ကြောတွင် တပ်စခန်းဆောက်လုပ်ရန်အတွက် သစ်များဝါးများပို့ပေးရန် အစိုးရ တပ်မတော်မှ ဒေသခံရွာသားများထံ ဆင့်ဆိုထားကြောင်း သတင်းရရှိသည်။   ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ RCSS/SSA...

မိုင်းကိုင် တပေါင်းပွဲတော် အပြီး အမှိုက်များသာကျန်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ တပေါင်းပွဲ အပြီး ဘုရားပရဝုဏ်အတွင်း အမှိုက်များစွာ ကျန်ရှိနေကြောင်း ဒေသခံများကပြောသည်။ တပေါင်းလ ရောက်တိုင်း သျှမ်းပြည် အတွင်းရှိ မြတ်စွာဘုရား ဓာတ်တော် မွေတော်အစစ်အမှန်တည်ရှိရာ ဒေသများတွင် ခေတ်အဆက်ဆက် ရိုးရာ တပေါင်းပွဲ ကျင်းပရာ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တပေါင်းပွဲတော်တွင်လည်း ရပ်နီးရပ်ဝေးမှ ပွဲလာသည့်လူထု...

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးများဆက်တိုက်ဖမ်းဆီးရမိ တရားခံများ လွှတ်မြောက်နေ

ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ရက်ဆက် သိမ်းဆည်းနေရမိပြီး လက်ရှိတွင် ဖမ်းဆီးရမိမှုမှာ တန်ဖိုး ၂၆၇ ဘီလီယံ အထိရှိပြီဖြစ်ကြောင်း တရားခံများ လွှတ်မြောက်နေကြောင်း သိရသည်။   ဖေဖော်ဝါရီ ၂၉ ရက်မှ စတင်ကာ မတ် ၉ ရက်ထိ ကွတ်ခိုင်မြို့နယ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်...

တပ်ကဏ္ဍ ခြေ/ ဥ ပြင်ဆင်ရေး မအောင်မြင်

ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ မတ်လ ၁၀ ရက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ၊ ပုဒ်မ ခွဲ ၁၄ ခုအတွက်မဲခွဲရာ ၁၂ ခု ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင်...

Latest news