Tuesday, January 27, 2026

သျှမ်းပြည် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းကျဆင်း

ယခုနှစ် သျှမ်းပြည် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်းလာကြောင်း သျှမ်းပြည်နယ် ပညာရေးမှူးရုံး မှ စုံစမ်းသိရသည်။

Photo by SHAN

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက်တွင် ကြေညာခဲ့သည်။

သျှမ်းပြည်တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ ပေါင်း ၆ သောင်းကျော်ရှိပြီး အောင်မြင်သူ ၁ သောင်းကျော် သာ ရှိကြောင်း၊ အောင်ချက် ရာခိုင်နှုန်းအရ ( ၂၇.၂၇) ရာခိုင်နှုန်း ရှိကြောင်း သျှမ်းပြည် ပညာရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပြီးခဲ့တဲ့ နှစ် ရာနှုန်းက သျှမ်းတောင်မှာဆိုရင် ၂၇.၆၉ ရာနှုန်းလောက် ရှိပြီးတော့ ယခုနှစ်မှာ ၂၆.၂၈ ရာနှုန်းလောက်ပဲ ရှိတယ်။ တပြည်လုံး ရဲ့ ရာနှုန်းနဲ့ပြောမယ်ဆိုရင် ၁.၄ ရာနှုန်းလောက် လျော့နည်းလာတာတွေ့တယ်” ဟု ပညာရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ရာခိုင်နှုန်း လျော့ရခြင်းသည် တက်ရောက်သင်ယူကြသည့် ကျောင်းသား/သူများ အနေအထား ဆရာ/ဆရာမ များ၏ ကျွမ်းကျင်မှု အနေအထား နှင့် လိုအပ်ချက်များကြောင့် ရာခိုင်နှုန်း လျော့ဆင်းရခြင်း ဖြစ်ကြောင်း ပညာရေးမှူး ဦးဝင်းမောင် က ပြောသည်။

“ယခုနှစ်ကတော့ ဒီ တစ်နိုင်ငံလုံး Top Ten ထဲမှာ သျှမ်းပြည်က ဝင်ထားခြင်း မရှိဘူး။ ပြီးခဲ့တဲ့ နှစ်က သျှမ်းပြည်နယ် အနေအထားက top ten ထဲမှာ ဝင်တဲ့သူ ရှိပါတယ်” ဟု ဆရာကြီး ဦးဝင်းမောင် ကပြောသည်။

သျှမ်းပြည် တွင် ၆ဘာသာ ဂုဏ်ထူးရှင် ( ၈) ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ( ၄၀) ဦး၊ ၄ဘာသာ ဂုဏ်ထူးရှင် ( ၁၀၂) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၃၀၂) ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ( ၅၇၆) ဦး နှင့် ၁ ဘာသာ ဂုဏ်ထူးရှင် (၁၉ ၄၈)ဦး တို့ရှိကြောင်း ပြည်နယ် ပညာရေးရုံးမှ သိရသည်။

တောင်ကြီးမြို့ ၃ ဘာသာ ဂုဏ်ထူးရှင် နန်းဆိုင်ဟွမ် က “ ၃ဘာသာ ဂုဏ်ထူး ထွက်မယ်ဆိုတာ မမျှော်လင့်ထားဘူး။ နေ့တိုင်း ပုံမှန်ပဲ စားလုပ်သွားတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

၃ဘာသာ ဂုဏ်ထူးရသဖြင့် သူနာပြုတက္ကသိုလ်တက်ရန် စဉ်းစားထားကြောင်း လည်း နန်းဆိုင်ဟွမ် က ပြောသည်။

မြန်မာနိုင်ငံတွင်းရှိ ၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး (၁၉ ) နေရာ ရှိသည့်အနက် မန္တလေးတိုင်းဒေသကြီးမှာ အောင်ချက် ပထမ အဆင့်ရရှိပြီး ဒုတိယ အဆင့်ရရှိသည့် တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပြီး တတိယအဆင့်ရရှိသည့် ပြည်နယ်မှာ မွန်ပြည်နယ် ဖြစ်သည်။

ထို့ပြင် သျှမ်းပြည် မြောက်ပိုင်းတွင် အဆင့် (၈) နေရာ ရရှိပြီး သျှမ်းပြည်တောင်ပိုင်းတွင် အဆင့် (၁၆) ရရှိကာ သျှမ်းပြည်အရှေ့ပိုင်းတွင် အဆင့် ( ၁၉ ) နေရာ ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်သည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ဗဟိုကော်မတီ ၏ ညွန်ကြားချက်အရ အထက်တန်းအဆင့် ကို ဇူလိုင် ၂၁ ရက် မှစတင်ပြီး ပြန်လည် ဖွင့်လှစ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...