Wednesday, January 28, 2026

ကိုဗစ်-၁၉ ကြောင့် ကျောင်းသင်ရိုးညွှန်းတမ်းများ လျှော့ချသွားမည်

ကိုဗစ်-၁၉ ကပ်ရောဂါ ရေရှည်ထပ်ဖြစ်မည်ဆိုပါက တနိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ ပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများကို လျှော့ချသွားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

ကိုဗစ်-၁၉ ကြောင့် ကျောင်းများ ၄ လ ခန့်အကြာ ပိတ်ထားခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံး ဇူလိုင် ၂၁ ရက်နေ့မှ စတင်ပြီး အထက်တန်းအဆင့်ကို စတင်ဖွင့်လှစ်ခဲ့သည်။

“သင်ရိုးညွှန်းတမ်း ပြုပြင်ရေးကနေပြီးတော့ သင်ရိုးညွှန်းတမ်း များကို လျော့ချပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြေညာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သျှမ်းပြည် ပညာရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စာသင်ခန်း တစ်ခန်းတွင် အနည်းဆုံး ကျောင်းသား/သူ အယောက် (၂၀) သာထားပြီး သင်ကြားသည့်အတွက် ကျောင်းသား အရေအတွက်များသည့် ကျောင်းတွင် ပုံမှန်ထက် တစ်ပတ်ခြား တသုတ်သို့မဟုတ် တစ်ပတ်ခြား ၂ သုတ် တက်ရသည့် ကျောင်းများလည်း ရှိသည့်အတွက် စာသင်ချိန်အတွက်အခက်အခဲ ရှိကြောင်း သျှမ်းပြည် ပညာရေးမှူး ဦးဝင်းမောင် ကပြောသည်။

“ဌာနအရနေပြီးတော့ ရေရှည်ဆောင်ရွက်မယ်ဆိုရင် သင်ရိုးညွှန်းတမ်းတွေကို ပြန်လည် လျှော့ချ ညှိနှိုင်းဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့် လက်ရှိ စာသင်ချိန်မှာ ကျောင်းတက်ခွင့် ရရှိရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဦးဝင်းမောင် ကပြောသည်။

အထက်တန်းအဆင့်ကို နိုင်နိုင်နင်းနင်း သင်ကြားဆောင်ရွက်နိုင်ပြီးနောက် မကြာခင် အလယ်တန်းအဆင့်ကို ဆက်လက်ဖွင့်လှစ်သွားရန် အစီစဉ်ရှိကြောင်း သိရသည်။

အလားတူ အလယ်တန်းအဆင့်ကို ဖွင့်လှစ်နိုင်ပြီဆိုလျှင် ဆက်လက်ပြီး မူလတန်းအဆင့်ကိုလည်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိထားကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ်-၁၉ ကြောင့် ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်များ ဖွင့်ခွင့်မပြုသေးသည့်အတွက် ကလေးများ သက်ဆိုင်ရာ ဒေသရှိ အခြေခံကျောင်းသို့ ပြောင်းနိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကြောင့် ဘော်ဒါဆောင်ထားရှိမည့် ကိုယ်ပိုင်အထက်တန်းကျောင်းများ ဘော်ဒါဆောင်များနှင့် ပတ်သက်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် မပြုကြောင်း ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ က ဇူလိုင် (၁၄) ရက် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၁ ရက်တွင် အခြေခံ ပညာအထက်တန်းကျောင်း နှင့် ထခွဲကျောင်း အပါအဝင် (၁၈၄) ကျောင်းဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း သျှမ်းပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နေ့ထက် တစ်နေ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုမိုများပြားလာသည့်အတွက် ကျောင်းသား မိဘများသည် မိမိကလေးများကို ကျောင်းလွှတ်ရန် စိုးရိမ်နေကြသေးသည်။

တစ်ချို့ကျောင်းသားမိဘများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးမှသာလျှင် ကျောင်းသို့ တက်ခွင့်ပြုမည်ဟုလည်း ပြောဆိုနေကြသည်။

ယခုနှစ် ကျောင်းဖွင့်ချိန်သည် ကိုဗစ် -၁၉ ကြောင့် အခြေခံ ပညာကျောင်းများ သတ်မှတ်သည့် လထက် နောက်ကျပြီး ကျောင်းဖွင့်ခဲ့ရပြီး ယခုချိန်ထိ အထက်တန်းအဆင့်ကိုသာ ကျောင်းအပ်လက်ခံပြီး ကျောင်းဖွင့်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...