သျှမ်းပြည်မူးယစ်ဆေးဝါးနှင့် အလုပ်အကိုင်ရှားပါးမှု ဝဲဂယက်ထဲက ရွေးကောက်ပွဲအလွန် သျှမ်းလူငယ်များရဲ့ မျှော်လင့်ချက်

သျှမ်းပြည်နယ်သည် မြန်မာနိင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးဖြစ်ပြီး ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းသည်။

Photo by ယိင်းတိုင်း/ SHAN

ဧရိယာအားဖြင့် ကြီးမားခြင်းနှင့်အတူ သဘာဝသယံဇာတပေါ်ကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သည်။သို့သော် ရှမ်းပြည်ရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်လျက်ရှိသည်။ ဆန်စပါး စိုက်ပျိုးရေးတွင် ဒုတိယကမ္ဘာစစ်မတိုင်မီကာလက ရှမ်းပြည်နယ်မှပင် ပြည်မသို့ ဆန်တင် ပို့နိုင်လောက်အောင် ဆန်စပါး ပိုပိုလျှံလျှံထွက်ခဲ့သော်လည်း ယခုအခါ ပြည်မမှပင် သျှမ်းပြည်သို့ ဆန်တင် သွင်းခဲ့ရလေသည်။

အထူးသဖြင့် အင်းလေး ဒေသသည် ဆန်စပါးအထွက်များခဲ့သော်လည်း ယခုအခါ လယ်များ အပျက်အစီးများသဖြင့် စပါးထွက် ယုတ်လျော့ခဲ့လာခဲ့သည်။

သျှမ်းပြည်နယ်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ငါးဒဿမခုနစ် ၅.၇သန်းခန့် ရှိသည့်အနက် ဧက နှစ်သန်းခန့်သာ စိုက်ပျိုးလုပ်ကိုင် ကြ၍ ကျန်ဧက သုံးသန်းခွဲကျော်သည် ကောလျက်ရှိသည်။

Photo by ယိင်းတိုင်း/ SHAN

ထို့ပြင် စိုက်ပျိုးရေးစနစ်များကြောင့်လည်း စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ်အမှားများကလည်း ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ဖြစ်နေသည်။

နောက်ဆက်တွဲအနေဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာပါကြုံတွေ့လာပြီး လူငယ်များအနေဖြင့် ရရာလုပ်ကိုလုပ်ကိုင်ရာမှ မူးယစ်ဆေးဝါးရောင်းဝယ်သူများဖြစ်လာပြီး မူးယစ်နွံထဲ နစ်လာခဲ့သည်ဟု တောင်ကြီးဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းနောင့်ကပြောသည် ။

ထို့ကြောင့် အလုပ်အကိုင်ရှားပါးနှင့် မူးယစ်‌ဆေးဝါးပြဿနာမှာ သျှမ်းပြည်နယ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သဖြင့် သျှမ်းဒေသခံ လူငယ်များအနေဖြင့် ၎င်းအခြေအနေကို ပြောင်းလဲပေးနိုင်သည့် အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိသည်။

Photo by ယိင်းတိုင်း/ SHAN

“မူးယစ်ဆေးဝါးက တစ်တိုင်းပြည် လုံးရဲ့ ရန်သူပဲ ၊ တစ်တိုင်းပြည်လုံးရဲ့ ရန်သူဖြစ်တဲ့ ဒီမူးယစ်ဆေးဝါး ကိစ္စကို စွမ်းစွမ်း တမံ တိုက်ထုတ်ပေးနိုင်မဲ့ အစိုးရမျိုး မျှော်လင့်တယ် ။ အရင်ကလို လေတွေ အပြောတွေ နဲ့မဟုတ်ပဲ အိမ်မက်တွေ မျှော်လင့်ချက်တွေ မပေးပဲ တကယ့် လုပ်ဆောင် နိုင်မဲ့ Hero မျိုးကို မျှော်လင့်တယ် ” တောင်ကြီးဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းနောင့်ကပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် ထောင်ကျခံနေရသည့် လူငယ်ရာခိုင်နှုန်းမှာ ပိုမိုများပြားလာပြီး လူသားအရင်းအမြစ် ဆုံးရှုံးနေသည့်အပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ ဒုစရိုက်မှုများပြားလာကြောင်း ၎င်းကဆက်ပြောသည်။

အလုပ်အကိုင်ရှားပါးခြင်းနှင့် မူးယစ်ဆေးဝါး ပြဿနာများနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး သိပ္ပံ မှ ကိုဝင့်ထည်ကောင်းမြတ်က လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းရှားပါး ခြင်းမှာအစိုးရမှ စီးပွားရေးမဟာဗျူဟာအားနည်းခြင်း၊ စိုက်ပျိုးရေး မဟာဗျူဟာ အားနည်းခြင်း ၊ ထုတ်ကုန်နှင့်ဆိုင်သော မဟာဗျူဟာအားနည်းခြင်း အစိုးရပိုင်းက ပံ့ပိုးမှုအားနည်းခြင်း စသော အချက် များကို အခြေခံ၍ အလုပ်အကိုင်အခွင့် အလမ်းရှားပါးရခြင်းဖြစ်ပြီးထိုအကြောင်းဆရာက လူငယ်များအပေါ် သက်ရောက်ကာ ကိုယ်တိုင်သုံးစွဲမှုအပြင် ရောင်းဝယ်ဖောက်ကားမှုများကျူးလွန်ကြသည်ဟု ဆိုသည် ။

“ ကျတော့်အနေနဲ့ကတော့ အုပ်ချုပ်တဲ့ သူတွေကို ပြန်ကြည့်မယ်ဆိုရင် ဟိုးအရင်တုန်းက စစ်တပ်တစ်ပိုင်းအစိုးရ ပေါ့။ အခုကတော့ လူထုတင်မြောက်တဲ့ အစိုးရတော့ဖြစ်လာပြီ။ ဒါပေမဲ့ နိုင်ငံရေး ၊ ဖွံ့ဖြိုးရေး ၊ ငြိမ်းချမ်းရေး နဲ့ဆိုင်တဲ့ ကိစ္စတွေမှာဘယ် လောက်ပြောင်း လဲ ဆိုရင် အဲ့လောက်ကြီး ပြောင်းလဲလာတာမတွေ့ရဘူး ။ တကယ်လို့ ခု ၂၀၂၀ အပြီးမှာ အစိုးရတစ်ရပ်ဖြစ် လာမယ်ဆိုရင်တော့ တကယ်ကို ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တဲ့ အစိုးရဖြစ် သင့်တယ်။ မြေယာ ပြဿနာဖြစ်ပြီဆိုရင်လည်းလူထုနဲ့စစ်တပ် ဖြစ်စေ၊ လူထုနဲ့ ကုမ္ပဏီနဲ့ဖြစ်စေ ထိပ်တတိုက်တွေ့လာပြီ ဆိုရင် ပြည်သူလူထုကို ကာကွယ်ပေးနိုင်တဲ့ အစိုးရမျိုးကို လိုချင်တယ်။ လူငယ်တွေအတွက် ကတော့ အလုပ်အကိုင်အခွင့်အလမ်း နဲ့မူးယစ်ဆေးဝါးပပျောက်အောင်လုပ်ဆောင်နိုင်မဲ့ အစိုးရမျိုး မျှော်လင့်တာပေါ့ ” ဟု ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

လက်ရှိ သျှမ်းပြည်နယ်၏ အခြေအနေများနှင့်ပတ်သက်၍ သျှမ်းပြည်လူငယ်များအနေဖြင့် လက်ရှိအစိုးရအပေါ်အားရမှုမရှိခြင်းက ပေါ်လွင်နေပြီး ၂၀၂၀ရွေးကောက်ပွဲအလွန်တွင် ထိုပြဿနာများကို အမှန်တကယ် ကိုင်တွယ်နိုင်မည့် အစိုးရမျိုးကိုလိုအပ်နေသည်ဟု ဆိုသည်။

“ ပြီးခဲ့တဲ့ ၂၀၁၅ မှာက NLD ကိုတော့ မျှော်လင့်ခဲ့တယ် ကိုယ်မျှော်လင့် သလောက် လုပ်ပြနိုင်တာသိပ်မရှိဘူး ။ လူငယ်တွေ အတွက်က အဓိက အသက်မွေးဝမ်းကျောင်းပေါ့ ခုကက ဘွဲ့ရပြီးလဲ အလုပ် အကိုင်တွေက မရှိဘူးဖြစ်နေတယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေကို တကယ်လုပ်ဆောင်ပေးနိုင်မဲ့ အစိုးရတစ်ရပ် ကိုမျှော်လင့်မိတယ် ”ဟု တောင်ကြီးဒေသခံ မဥမ္မာချို ကပြောသည် ။

ထို့သို့ အလုပ်အကိုင်ရှားပါးမှုနှင့် မူးယစ်ဆေးပြသနာများအပြင် ရှမ်းပြည်ရှိ ကျေးရွာများတွင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်မီးမလုံလောက်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများ မလုံလောက်ခြင်း၊ စက်ရုံများ၏ စည်းကမ်းမဲ့မှုကြောင့် ပတ်ဝန်းကျင်ရှိလူထု ထိခိုက်နစ်နာနေခြင်း စသည့်ပြဿနာများအပေါ်၂၀၂၀ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့်အစိုးရသည် ၎င်း ကိစ္စရပ်များကိုဖြေရှင်းပေးနိုင်သည့် အစိုးရတစ်ရပ် ဖြစ်ရန်လည်းအရေးကြီးကြောင်း တောင်ကြီးမြို့နယ် ၊ တောင်လေးလုံး ကျေးရွာအုပ်စု ၊ ဖက်နမ် ကျေးရွာ တွင်နေထိုင် သည့် ရှမ်းပြည်နယ်ငြိမ်းချမ်းရေး အလုပ်အဖွဲ့မှ မချိုသဲက သုံးသပ်သည်။

“ ကျမတို့ ဘက်မှာ ရှိတဲ့ ကျားမင်းကြီးအရက်ချက်စက်ရုံ ကိစ္စဆိုရင် အစိုးရကတော့ ဆင်းကြည့်ပေးတယ်။ စက်ရုံကလဲ ဆက်လက်လည်ပတ်နေဆဲ စက်ရုံကထွက်တဲ့ ရေဆိုးတွေ ကြောင့်မြေဆီလွှာတွေပျက်စီးတယ် စိုက်ပျိုးလို့မရဘူး ။ ကလေးတွေ ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လာတယ် စတဲ့ စီမံကိန်း တွေနဲ့ပတ်သက် လာရင် လူထုဘက်က ရပ်တည်ပေးနိုင်မဲ့ အစိုးရမျိုး ကို လိုအပ်တယ်။ မျှော်လင့်တယ် ”ဟု မချိုသဲက ပြောသည် ။

အချုပ်အားဖြင့်ဆိုရလျှင် ယခုအခါ သျှမ်းပြည်နယ်တွင် အလုပ်အကိုင် ရှားပါး ခြင်း ၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အဓိက ကိုင်တွယ်ဖြေရှင်းနိုင်မည့် အစိုးရတစ်ရပ်ကို ဒေသခံလူငယ်များမျှော်လင့်နေသည့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်၎င်းတို့မျှော်လင်ချက်များ ပြည့်ဝမည်လားဆိုသည်မှာ မကြာမီ သိရှိရတော့မည်ဖြစ်ပါတော့ သည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...