CATEGORY

သတင်း

မူဆယ်မြို့တွင် လူယုံအချင်းချင်းကြား ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်မြို့ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် အသိမိတ်ဆွေများထံ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ တောင်ရပ်ကွက်ရှိ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဒေသခံ အသိမိတ်ဆွေများထံ အကြောင်းအမျိုးမျိုးပြပြီး ကျပ်ငွေသိန်းပေါင်း ၃၀၀၀ ကျော် လိမ်လည်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူက...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

TNLA ထိန်းချုပ် မိုင်းငေါ့မြို့အနီး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နေ့လယ် ၁ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မန်ပင့်လမ်းခွဲ တံတားအနီး...

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ထိ ထပ်တိုးလာ

သျှမ်းပြည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ ကျောက်မဲမြို့အပြင်ဘက် နောင်ပိန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုသို့ စစ်ဘေးရှောင် ထပ်များလာရခြင်းမှာ ယခင်က...

သိန္နီမြို့တွင် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းကို MNDAA ပြုလုပ်ခိုင်းနေ

သျှမ်းပြည် သိန္နီမြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြား ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးထပ်ကြဲ၊ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့လယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၄ ရက်) ည ၆ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့လယ်သို့...

နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ စစ်မှုထမ်းတပ်သားသစ်များ DPLA ထဲ အလင်းဝင်လာကြောင်း ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် အများ အပြား လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(ဇူလိုင်လ ၁၄ ရက်) ရက်စွဲဖြင့် DPLA က ရုပ်သံနှင့်တကွ ထုတ်ပြန်လိုက်သည်။ အဆိုပါ ရုပ်သံထဲတွင် ပြီးခဲ့သည့် ဇွန်လအတွင်း...

တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်များဆက်လက်ဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များဆက်လက် ဖမ်းဆီးနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇူလိုင်လ (၁၃)ရက်တွင် စစ်ကောင်စီ၊ ရဲနှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ ပန်းလှိုင်မြောက်ဘက် အထက (၁) မီးပွိုင့်လမ်းဆုံနားတွင် ဖမ်းဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ် (၅၀)စီး ဝန်းကျင် ဖမ်းဆီးခံရသည်။ ယခင်က လိုင်စင်မဲ့...

UWSA ထိန်းချုပ်နယ်မြေတွင် ကျားဖြန့် တရုတ်နိုင်ငံသား ၅၀ ဦး ဖမ်းဆီးရမိ

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို ဇူလိုင်လ ၁၂ ရက်တွင် ‘ဝ’ထိန်းချုပ် တရုတ်-မြန်မာနယ်စပ်ရှိ Yonghe ဆိပ်ကမ်းမှတဆင့်...

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ကလေး(၂) ဦး အပါအဝင် အရပ်သား(၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ည ၁၀ နာရီခွဲကျော်တွင် မိုးကုတ်မြို့ ပန်းမထိပ်ရွာ...

Latest news