တာချီလိတ်-မယ်ဆိုင် နယ်စပ်စစ်ဆေးရေးဂိတ်တွင် ကြက်မောက်ရည်ဗူးထဲ စိတ်ကြွဆေးပြား တစ်သိန်း ခန့် ဝှက်ပြီး သယ်ဆောင်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဌာနက ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးသတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အသက် (၁၈) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး၏ ခရီးဆောင်အိတ်အား စစ်ဆေးကြည့်ရာ ကြက်မောက်ရည်ဗူးကို တွေ့ရှိကြောင်း သိရသည်။
သို့သော် ပုံမှန်မဟုတ်သော ပေါ့ပါးမှုကြောင့် ကြက်မောက်ရည်ဗူးကို ဓာတ်မှတ်ရိုက်ပြီး စစ်ဆေးဖွင့်ကြည့်ခဲ့ရာ တရားမဝင် စိတ်ကြွဆေးပြား စုစုပေါင်း တစ်သိန်းခန့်ကို တွေ့ရှိခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးတစ်ဦးကို နိုင်ငံတော်အတွင်းသို့ အကောက်ခွန်ရှင်းလင်းပြီးခြင်းမရှိသော ကုန်ပစ္စည်းများ သယ်ဆောင်လာမှုနှင့် တရားမဝင် စိတ်ကြွဆေးပြား သယ်ဆောင်လာမှုဖြင့် အမူဖွင့် အရေးယူထားကြောင်း သိရသည်။
ထို့ပြင် ဥပဒေအကြောင်းအရ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါအမျိုးသမီးတစ်ဦးကို မယ်ဆိုင် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။












Leave a Comments