CATEGORY

သတင်း

ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့်...

စစ်ကောင်စီ စစ်မှုထမ်းခေါ်ယူမှု တစ်နှစ်ကျော်ကာလအတွင်း တပ်သားသစ် ၇၅,၀၀၀ ဝန်းကျင် စုဆောင်းခံရ

pတရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည့် တစ်နှစ်ကျော်ခဲ့ပြီး စစ်မှုထမ်းအတွက် အပတ်စဉ် (၁၅) အထိ ခေါ်ယူပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံတဝှမ်း တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရပြီး စစ်ရှုံးနေသည့ စစ်ကောင်စီတပ်အတွင်း စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင်...

နောင်ချိုမြို့စွန်ရပ်ကွက်ထဲ စစ်ကောင်စီတပ်ဝင်ရောက်၊ ဂုတ်တွင်းတံတား ဖျက်ဆီးခံရ

သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ် ချဉ်းကပ်လာပြီးနောက် မြို့တောင်ဘက်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ညနေပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်ရှိ ပန်ဟက်၊ သပြေရေနှင့် တောင်ရပ်ကွက်အတွင်းသို့ တောင်ခမ်းဘက်မှ ထိုးစစ်ဆင်လာသည့်...

ကျောက်မဲမြို့ပေါ် (၆)ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ် နှစ်နေရာသို့ စစ်ကောင်စီတပ်မှ တစ်မနက်တည်းတွင် လေကြောင်းဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက် ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်...

“အသက်ရှင်နေလျက် ဘဝသေနေသူများ “

ကိုကျော် (အမည်လွှဲ) တယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ပျာပျာတလဲလဲဖြင့် သူ၏ မိန်းမလက်ကိုဆွဲပြီး ရှိသမျှ အသိမိတ်ဆွေနှင့် ဆွေတော်မျိုးတော် အိမ်များကို ပတ်ပြီး ပိုက်ဆံလိုက်ချေးနေရသည်။ စစ်မှုထမ်းအတွက် ပုံမှန်လစဉ်ကြေး ငါးသောင်းကျပ် ပေးဆောင်ခဲ့သော်လည်း ယခုနှစ် ၂၀၂၅ ဇူလိုင်လဆန်းတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့်ရာအိမ်မှူးထံ သွားရောက်ညှိနှိုင်းခဲ့ရာ ပိုက်ဆံ ၁၀ သိန်း ပေးနိုင်လျှင် ကင်းလွတ်ခွင့်ပေးမည် ဆိုသောကြောင့် ထိုပိုက်ဆံ ၁၀ သိန်းရနိုင်ဖို့အရေး ကိုကျော်တို့ လင်မယား အသည်းအထန် ရှာဖွေရတော့သည်။ “ရာအိမ်မှူး လာပြောတုန်းက ကျနော်လည်း စားရင်းထဲပါတယ်ဆိုတော့ ထွက်ပြေးရမလား၊ ကြိုးဆွဲချ သေရမလား မသိတော့ဘူး” ဟု ကိုကျော်ကရှိုတ်သံဖြင့် ပြောပြလာသည်။ ကိုကျော်သည် သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ ဇာတိဖြစ်သည်။ သူသည် အသက် ၃၀ ကျော်အရွယ်ရှိပြီး  မိန်းမနှင့် ကျောင်းနေရွယ် ကလေး ၃ဦးရှိသည်။ အိမ်ထောင်ဦးစီးဖြစ်သူ ကိုကျော်တွင်လည်း ခေတ်ကာလ အခြေအနေကြောင့် ကြုံရာကျပန်း အလုပ်လုပ်၍ မိသားစုကို ရှာဖွေကျွေးမွေးနေရပြီး နေ့စာဝင်ငွေဖြင့်သာ လုပ်ကိုင်နေရသဖြင့် ဝမ်းရေးကို ပြည့်မီအောင် မစားရသည့် အခြေအနေပင်။ ထိုအခြေအနေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့် ကိုကျော်တစ်ယောက် ဘာလုပ်ရမှန်းမသိ ကယောင်ခြောက်ခြား...

နောင်ချိုမြို့ဝင်ဆိုင်းဘုတ်အထိ စစ်ကောင်စီတပ်ရောက်လာ၊ မြို့ပေါ်လည်း ဆက်တိုက်ဗုံးကြဲခံရ

သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး နောင်ချိုမြို့ဝင်ဆိုင်းဘုတ်အထိ စစ်ကောင်စီတပ် ချဉ်းကပ်ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နေ့လယ် ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံး...

မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...

တောင်ကြီး ရထားသံလမ်းဘေးရှိ နေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရထားသံလမ်းဘေး အနီးဝန်းကျင်နေထိုင်သည့် နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီမှ လာရောက် ဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။ တောင်ကြီး-ဖာမွန်းကြားရှိ ရထားပိုင်နယ် နိမိတ်အတွင်းရှိ အဆောက်အဦးများ၊ ခြံမြေများကို ဇူလိုင်လ (၂)ရက်နေ့မှ စ၍ ဇူလိုင်လ (၁၅)ရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထား အင်ဂျင်နီယာမှူးက...

ရွှေလီမြစ်ရေကြီး မူဆယ်ခရိုင်အတွင်း သီးနှံ စိုက်ခင်းဧက (၄,၀၀၀) ကျော် ရေလွှမ်းမိုးခံရ

တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချလိုက်သဖြင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ရွှေလီမြစ် (နမ့်မောဝ်း) ရေကြီးလာပြီး သီးနှံစိုက်ခင်း ဧကပေါင်း (၄,၀၀၀) ကျော် ရေလွှမ်းမိုးသွားကြောင်း သတင်းရရှိသည်။ ဇူလိုင်လဆန်းမှစပြီး တရုတ်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်များ၏ ရေပိုလွှဲများ ဖောက်ချနေသည့် အကျိုးဆက်သည်...

ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

ကချင်ပြည် ဖားကန့်မြို့နယ်တွင် အချဉ်ပေါင်းရောင်းနေသည့် အမျိုးသားတစ်ဦး အမည်မသိ လက်နက်ကိုင်၏ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု မှော်စီစာကျေးရွာ Sky ဟိုတည်ရှေ့တွင် အချဉ်ပေါင်း ရောင်းနေသည့် ဈေးသည်အမျိုးသားတစ်ဦးကို...

Latest news