တောင်ကြီးမှဟိုပုံး ခရီးသွားသည့် လူငယ်အမျိုးသားနှစ်ဉီး တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးမြို့မှ ဟိုပုံးမြို့နယ်အတွင်း ခရီးသွားခဲ့သည့် အမျိုးသားနှစ်ဦးသည် တစ်နှစ်ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ပျောက်ဆုံးသွားသူ လူငယ်နှစ်ဦးသည် သိန္နီမြို့ဒေသခံနှင့် ကျောက်မဲမြို့ဒေသခံ အသက် ၂၅ နှစ်ဝန်းကျင်ရှိ စိုင်းတုမ်လိန်ခမ်းနှင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ စိုင်းကျော်မြင့် ဟု သိရပြီး မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။

ထိုအမျိုးသားနှစ်ဦးသည် တောင်ကြီးမြို့တွင် သွားရောက်နေထိုင်သူများဖြစ်ပြီး ဟိုပုံးမြို့နယ် အတွင်း ခရီးထွက်စဉ် မိုင်းပျဉ်းကျေးရွာအုပ်စု ဖာလိုင်းရွာ အနီးတဝိုက်တွင် ယမန်နှစ် ၂၀၂၄ သြဂုတ်လ ၂၆ ရက်မှ စတင်ပြီး အဆက်အသွယ် ပြတ်သွားရာမှ ယနေ့ (စက်တင်ဘာလ ၄ ရက်) အထိ ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးသူလူငယ်တစ်ဦး၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်ရဲ့ ညီက တောင်ကြီးမှာ ကျောင်းသွားတက်တာပါ။ သူတို့နှစ်ယောက် ဟိုပုံးဘက်သွားရင်း လမ်းမှာ ပျောက်သွားတာ။ သူ့ရဲ့ သူငယ်ချင်းကလည်း တောင်ကြီးမှာ အမျိုးတွေနဲ့ နေတာ။ ပျောက်သွားတဲ့နေ့ကနေ လိုက်ရှာ စုံစမ်းတာ ကျနော်တို့လည်း အဆက်အသွယ် မရသေးဘူး။ သူ့ရဲ့ သူငယ်ချင်းဘက်က ဆွေမျိုးတွေလည်း ဘာမှ မသိရသေးဘူး ပြောတယ်”ဟု ၎င်းမိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အချိန်ထိ ၁ နှစ်ကျော်ကြာ ပျောက်ဆုံးသွားသည့် အဆိုပါ လူငယ် အမျိုးသားနှစ်ဦးနှင့် ပတ်သက်ပြီး လိုက်လံစုံစမ်းနေသော်လည်း မည်သည့်ထူးခြားမှုမျှ မရှိသည့်အတွက် တွေ့ရှိပါက ဆက်သွယ် အကြောင်းကြားပေးရန် ပျောက်ဆုံးသူ လူငယ်တစ်ဦး၏ မိသားစုဝင်က အကူအညီတောင်းဆိုသည်။

“တွေ့ဖူးတဲ့လူတွေ ရှိရင်လည်း ပြောပေးကြပါ။ ကျနော်ညီကလည်း မိဘတွေ မရှိတော့ဘူး။ သိချင်တာက အခုထိ အသက်ရှင်သေးလား ဆိုတာလည်း မသိရသေးဘူး။ အဖွဲ့အစည်းတွေထဲမှာ ရှိသေးတယ် ဆိုရင်လည်း တွေ့ချင်တယ်။ အခုက ဘယ်မှာမှ သွားရှာမရဘူး”ဟု ပျောက်ဆုံးသူ လူငယ်တစ်ဦး၏ မိသားစုဝင်က ပြောသည်။

ပျောက်ဆုံးနေသည့် စိုင်းတုမ်လိန်ခမ်းနှင့် စိုင်းကျော်မြင့် တို့သည် သာမာန် အရပ်သားတစ်ဦး ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။

ထိုလူငယ်များ ပျောက်ဆုံးသွားသည့် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ လှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်း ဒေသခံ ပြည်သူများ မကြာခဏ ဖမ်းဆီးခံရခြင်း၊ လူပျောက်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...