လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက် (၆၀) ကျော်အရွယ်ရှိ ဦးမာလာ သည် နာတာရှည်ရောဂါအပြင် ဗုံးဆံထိမှန်ထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ဦးမာလာက အသက် ၆၀ ကျော် ရှိပြီ၊ ပင်တိန်ရွာက။ သူက နောင်ပိန် အလယ်ကျောင်းမှာ ဗုံးကြဲခံရပြီး ဒဏ်ရာရတဲ့ထဲက တစ်ယောက်၊ နဂိုထဲက နာတာရှည် ရောဂါအခံ ရှိထားပြီး သမားတော်နဲ့ အမြဲတမ်း ပြနေရတဲ့လူတစ်ယောက်။ ဗုံးဆံမှန်တော့ ခံနိုင်ရည် မရှိတော့တာ”ဟု လားရှိုးမြို့တွင် စစ်ဘေးရှောင်ကူညီနေသည့် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသသည့် ဒဏ်ရာရ နောင်ပိန်စစ်ဘေးရှောင် (၄၂) ဦးထဲတွင် ယခုစစ်ရှောင်အမျိုးသားသည် ပထမဆုံး သေဆုံးခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ဆက်လက်ခံယူနေသူ နောင်ပိန်စစ်ရှောင် (၁၀) ဦးကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ပုံစာ – လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်များ (ဓာတ်ပုံ-ဒေသခံ)

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းသည်။

အဆိုပါ လေကြောင်းဗုံးကြဲမှုအတွင်း နောင်ချိုစစ်ဘေးရှောင် ကလေး (၂) ဦး အပါအဝင် (၁၇) ဦး သေဆုံးပြီး (၄၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရပြီး ဒဏ်ရာရသူ အများစုမှာ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

လက်ရှိတွင် စစ်ကော်မရှင်တက်မှ ကျောက်မဲမြို့ဘက် မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲ၊ သီပေါမြို့ပေါ် ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများမှ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ ဘေးလွတ်ရာ ကျေးရွာများနှင့် လားရှိုးမြို့ဘက်သို့ ထပ်မံတိမ်းရှောင်လျက်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...