MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin Fen ဆိုသူ အမျိုးသမီးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် Wu Yin Fen ၏ ရုပ်အလောင်းကို ၎င်းနေအိမ်ရှိ အိပ်ခန်းထဲတွင် အဝတ်ဗလာဖြင့် တွေ့ရှိခဲ့ပြီး လည်ပင်းနှင့် လက်များတွင် ဓားပြတ်ရှဒဏ်ရာများ တွေ့ရှိရသဖြင့် မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဘောင်းဘီ ဝတ်မထားဘူး၊ ပြီးတော့ ဘောင်းဘီပေါ်မှာလည်း သွေးတွေ ပြည့်နေတယ်။ လည်ပင်းနဲ့ လက်မှာလည်း ဖြတ်ခံထားရတယ်။ ဖြစ်တာကတော့ ညတုန်းက ဖြစ်သွားတာ၊ အလောင်းကို နောက်နေ့ မနက်မှ သူ့ကုတင်နားမှာပဲ ပြန်တွေ့တာ” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မန်ပန်ရွာသည် သိန္နီမြို့နယ်အတွင်းရှိ ပန်နားရွာနှင့် မောက်စလီရွာ အကြားတွင် တည်ရှိပြီး မြို့နှင့် ၆ မိုင်သာ ကွာဝေးသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကိုးကန့်တပ် MNDAA က သယ်ဆောင်သွားခဲ့ပြီး ယင်းသေဆုံးမှုနှင့် ပတ်သက်၍ သတင်းအချက်အလက် အသေးစိတ်များအား မသိရှိရဘဲ Wu Yin Fen သေဆုံးမှုနှင့် ပတ်သက်၍ ကိုးကန့်တပ် MNDAA ဘက်က သတင်းဖုံးကွယ်ထားသည်ဟု ဒေသခံများက ပြောသည်။

“ကျမလည်း သေချာမသိရသေးဘူး၊ သူများတွေလည်း စုံစမ်းနေသေးတယ်။ ဆရာမ အခုလို ဖြစ်သွားမယ်ဆိုတာ ထင်ထောင် မထင်ထားဘူး။ ကျမတို့ဆို အသေကြောက်တာ” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလတွင်လည်း သိန္နီမြို့မှာ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

သို့သော် သိန္နီမြို့နယ်ကို ထိန်းချုပ်ထားသည့် ကိုးကန့်တပ် MNDAA ဘက်က သတင်းဖုံးကွယ်ထားသဖြင့် သတင်းပျံ့နှံ့လာခဲ့ခြင်း မရှိကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှစ၍ သိန္နီမြို့ကို ကိုးကန့်တပ် MNDAA ထိန်းချုပ်လာပြီးနောက်ပိုင်း မြို့ထဲတွင် တရုတ်စီးပွားရေးသမားများ အများအပြား ဝင်ရောက်လာနေပြီး လူသူနေထိုင်ခြင်းမရှိသည့် အိမ်နှင့် ဆိုင်ခန်းများကို ဈေးကြီးပေးပြီး ဌားရမ်းကာ နေထိုင်နေကြကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်တပ် MNDAA ၂ နှစ်နီးပါး ထိန်းချုပ်ထားသည့် သိန္နီမြို့ထဲသို့ ယခု စက်တင်ဘာလ ၁၉ ရက်နေ့မှ စ၍ စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာတော့မည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...