သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် သံတိုသံစရောင်းဝယ်သည့်အိမ် ယနေ့ (စက်တင်ဘာ ၃)ရက် နေ့လည်ပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ( စက်တင်ဘာလ ၃ ရက်) နေ့လည် ၁၂နာရီခွဲ တွင် လားရှိုးမြို့ ရပ်ကွက် (၁) ၊ နှင်းဆီလမ်းသွယ် (၄) ရန်တိုင်းအောင် အနောက်ဖက်ရှိ သံတိုသံစရောင်းဝယ်သည့်နေရာ၌ သံတိုများကို ထုရာမှ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသာတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နေ့လည်းတုန်းက ပေါက်ကွဲမှုဖြစ်သွားတာ။ သူတို့က သံတွေထုတာလို့ပြောတာ အဲ့မှာ၄၀ မမ လိုကျည် မျိုးပေါက်ကွဲတာ။ လက်ပစ်ဗုံးတွေတော့ မဟုတ်ဘူး။သံတွေထုရင်းနဲ့ မတော်တဆ ပေါက်ကွဲသွား ၄ ယောက်ထိသွားတယ်။”ဟု လားရှိုးမြို့ဒေသခံ အမျိုးသာတစ်ဦးက ပြောသည်။
လားရှိုးမြို့သည် “၁၀၂၇” စစ်ဆင်ရေးတွင် စစ်ကော်မရှင်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ စစ်ရေးပြင်းထန်ခဲ့သည့်နေရာြဖစ်ပြီး၊ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၂၀၂၄ခုနစ် သြဂုတ်၃ရက်တွင် လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်ဆွေးနွေးပေးမှုကြောင့် ၂၀၂၅ခုနစ် ဧပြီ ၂၂ရက်တွင် MNDAA တပ်ဖွဲ့သည် လားရှိုးမြို့မှ တပ်ဆုတ်ခွာခဲ့ရပြီး စစ်ကော်မရှင်က ပြန်လည် ဝင်ရောက်နေရာယူခဲ့သည်။
စစ်ကော်မရှင် ပြန်လည်နေရာယူခဲ့သော်လည်း စစ်ရေးပဋိပက္ခအတွင်း ကျန်ရှိသည့် စစ်ကြွင်းကျွန် ပစ္စည်းများကို မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မှ ရှင်းလင်းပေးခြင်းမရှိပေ။













Leave a Comments