သီပေါရောက်စစ်ဘေးရှောင် ရိက္ခာပြတ်လပ်လာနိုင်

သျှမ်းပြည် သီပေါမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ ပြတ်လပ်လာပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ သီပေါမြို့တွင် ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂) ထောင်ကျော်တွင် ထမင်းစားရန် တစ်မိသားစုလျှင် ဆန်နို့ဆီဗူး ၄/၅ ဗူးသာ ကျန်ရှိတော့ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ အလှူရှင်တွေလည်း နည်းပါးလာပြီး မရှိတော့ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အလှူရှင်တွေလည်း သိပ်မရှိတော့ဘူး၊ အခု စစ်ဘေးရှောင်တွေမှာလည်း ရိက္ခာတွေ ကုန်ခါနီးနေပြီ။ အလှူရှင်လည်း နည်းလာတယ်၊ စစ်ဘေးရှောင်တွေကလည်း စုပေါင်းပြီး ချက်စားကြတာ မဟုတ်ဘူး။ အခုတစ်ချို့ အိမ်ထောင်စုဆိုရင် ဆန်က နို့ဆီဗူး ၄/၅ ဗူးလောက်ပဲ ကျန်တော့တယ်။ မိသားစုကြီးရင်တော့ ၁ ရက်စာလောက်ပဲ ရတော့တယ်” ဟု သီပေါမြို့ရောက် စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

သီပေါမြို့တွင် စစ်ဘေးရှောင်စုစုပေါင်း ၂၀၀၀ ကျော် ရှိနေကြောင်း သိရပြီး ယခုကဲ့သို့ ရိက္ခာ ပြတ်လပ်လာခြင်းကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက်ကြုံရာကျပန်း အလုပ်ကို ရှာဖွေလုပ်ကိုင်နေရကြောင်း သိရသည်။

သီပေါစစ်ဘေးရှောင်

“တချို့ကလည်း အလုပ်သွားလုပ်တာတွေ ရှိတယ်၊ ကြုံရာသွားလုပ်ကြတာပေါ့။ အလှူရှင်တွေ မရှိတော့ဘူးဆိုရင်လည်း ကြည့်ကြပ်ပြီး ရှာကြံစားရမှာပေါ့” ဟု အထက်ပါ စစ်ဘေးရှောင် ကူညီပေးနေသူက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် အလှူရှင်ကိုသာအဓိကအားကိုးနေကြရပြီး အများစုမှာ သီပေါမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ကျောက်မဲ၊ နောင်ချိုဘက်မှ ဒေသခံများဖြစ်ကြသည်။

စစ်ကော်မရှင်နှင့် TNLA တို့၏ နယ်မြေပဋိပက္ခကြောင့် တိုက်ပွဲနှင့်အတူ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြား သေဆုံးသွားခဲ့ကြရပြီး နေရပ်ကို စွန့်ခွာခဲ့ကြရသည်။

သီပေါစစ်ဘေးရှောင်

ထိုအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ခရီးစဉ်မှပြန်လာပြီးနောက် TNLAထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့နယ်ထဲ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင်လည်း စစ်ကော်မရှင်နှင့် TNLA တို့ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ စက်တင်ဘာလ အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...