တောင်ကြီးမြို့ပေါ် PNO ပြည်သူ့စစ်အယောင်ဆောင် အုပ်စုဖွဲ့ပြီး အမျိုးသားတစ်ဦးကို ချောင်ပိတ်ရိုက်နှက်

သျှမ်းပြည် တောင်ကြီးမြို့တွင် လူတစ်စုက ရွှေဘုန်းပွင့်ဘုရားဖူးပြီး ပြန်လာသည့် ‌ကားရှေ့တွင် ပိတ်ရပ်ပြီး ယာဉ်မောင်းသူ အမျိုးသားကို ချောင်ပိတ် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ မြစိမ်းတောင်ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားသွားဖူးပြီး ပြန်လာသည့် မိသားစု၏ ကားတစ်စီး ရှေ့ကို (၅)ဦးပါ လူတစ်စုက PNO ပြည်သူ့စစ်အယောင်ဆောင် အုပ်စုဖွဲ့၍ ကားပိတ်ရပ်ပြီး ယာဉ်မောင်း အမျိုးသားဖြစ်သူကို ထိုးကြိတ် ရိုက်နှက်ကာ ဓားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဘုရားဖူးသွားသည့် မျက်မြင်သက်သေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရှေ့ပိတ်ရပ်ထားတဲ့ ကားတစ်စီးမှာ လူ ၅ ယောက် ပါတယ်၊ အနောက်က ပိတ်ရပ်ခံထားရတဲ့ ကားတစ်စီးမှာ ပါလာတဲ့ အမျိုးသားကို ဆွဲချပြီး ရိုက်နှက်နေတာ။ ပြီးတော့ ငါတို့က ပြည်သူ့စစ် PNO ကွ ဘာမှတ်နေတုန်းလို့လည်း အော်နေတာ ကြားလိုက်တယ်” ဟု ဘုရားဖူးသွားသည့် မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ထိုအမျိုးသားတစ်ဦးကို လူတစ်စုက ထိုးကြိတ်ရိုက်နှက်နေကြပြီး လက်ထဲတွင် ဓားကိုင်ထားသည့်အတွက် လမ်းသွားလမ်းလာ ပြည်သူများလည်း တားဆီးမှု မလုပ်ရဲခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရက်တွေတော့ မူးနေလောက်တယ်၊ ၅ယောက်လုံးက အရပ်ဝတ်နဲ့ပါပဲ။ ဓားတွေနဲ့ပါ ခြိမ်းခြောက်ပြီး အော်ပြောနေတော့ လမ်းသွားလမ်းလာတွေလည်း မြင်တော့ မြင်တယ် ဘာမှ မလုပ်ရဲကြဘူး” ဟု ဘုရားသွားသည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ထိုသို့ ထိုးကြိတ်ခံရသည့် အမျိုးသား၏ ကားပေါ်တွင် ၎င်း၏ အမျိုးသမီးဖြစနှင့် ကလေး ၂ ဦးတို့ လိုက်ပါလာကြောင်း သိရသည်။

အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် အဆိုပါ လူ ၅ ဦးသည် အသက် ၃၅ နှစ်မှ ၄၀ နှစ်ဝန်းကျင်ခန့် ရှိကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

သျှမ်းပြည် တောင်ကြီးမြို့ပေါ်တွင် စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်များ သွားလာ လှုပ်ရှားမှုများ ရှိသလို မြို့အနီးအနားရှိ ကျေးရွာများတွင် တပ်သားစုဆောင်းမှု၊ အခွန်ကောက်ခံမှု များလည်း မကြာခဏ ပြုလုပ်မှုရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...