စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် စစ်ကော်မရှင်တပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့နယ်ထဲ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ပထမပတ်အတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ပိန်တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျောက်မဲရောက်ဖို့ ကြာမယ်လို့ ကြားထားတယ်၊ TNLA ကလည်း ခိုက်တုန်ဟုန်းဘက် ခံတပ် ရှယ်ပြင်ထားတာ။ ရှေ့ရက်ကလည်း စစ်တပ်ဘက်က နောင်ပိန်နားတဝိုက် ဘေးရွာတွေကို အဆိပ်ငွေ့ဗုံးနဲ့ တိုက်တယ်လို့ ပြောတယ်၊ လေယာဉ်ကတော့ ရက်ခြားပြီး မြို့ပြင်ဘက် တောက်လျှောက် ဗုံးလာကြဲနေတာ”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ် မတိုင်မီ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ နှင့် ၂၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA နှင့် စစ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည်စွန့်လွှတ်ရန် TNLA ဘက်မှ သဘောတူခဲ့သည်ဟု ဆိုသည်။

သို့သော် စစ်ကော်မရှင်ဘက်မှ နမ့်ဆန်နှင့် မန်တုံမြို့မှလွဲ၍ ကျန်မြို့များအားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း မြန်မာနောင်းသတင်းဌာနမှ ဩဂုတ်လ ၂၈ ရက်တွင် သတင်းဖော်ပြသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေရပ်စွန့်ခွာ/ထိခိုက်မှု (ဓာတ်ပုံ-SHRF)

စစ်ကော်မရှင်တပ်နှင့် TNLA တို့၏ ဩဂုတ်လ ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ပြီးနောက် စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံရန် ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“တရုတ်ကတော့ အဓိက ကုန်သွယ်ရေးလုပ်ဖို့ ပြည်ထောင်စုလမ်းမကြီး ပေးဖို့ပဲ၊ တရုတ်က စကစ ကို နားချလိမ့်မယ် တစ်ခုခု သဘောတူဖို့ အပစ်ရပ်ဖို့ဖြစ်ဖြစ်။ ကျောက်မဲ၊ သီပေါ ဒီနှစ်မြို့ကို TNLA ပေးရင် စစ်တပ်က မိုးကုတ်ပါမရတော့ တင်းခံနေတာ။ စကစ က အဓိက မိုးကုတ်၊ မိုးမိတ်ကို လိုချင်တာ ရတနာ ထွက်တော့”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ဩဂုတ်လ ၃၀ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ် ပိုးလမ်းမစီမံကိန်း OBOR နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ၌ ပါဝင်သည့် စီမံကိန်းများကို အရှိန်အဟုန် မြှင့်တင်ရေး၊ သဘာဝ သယံဇာတနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်။

အလားတူ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာရေးရာ အသိမှတ်ပြုမှုတို့ ရရှိခဲ့ကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ (၇) ရက်တွင် ပြောဆိုထားသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေရပ်စွန့်ခွာ/ထိခိုက်မှု (ဓာတ်ပုံ-SHRF)

“ရလဒ်ကောင်းရဖို့ ရှိတယ်လို့တော့ ထင်တယ်၊ ကျောက်မဲကိုတော့ တိုက်ပွဲ မရောက်လောက်ဘူး။ TNLA တွေက လုံးဝ ဆုတ်မှာ သေချာတယ်၊ သူတို့ ပိုင်ရာဆိုင်ရာ အကုန် နမ့်ဆန်ယူသွားကုန်ပြီ။ ရုံးပစ္စည်းတွကစ မီးတိုင်တွေကစ နေ့တိုင်းတင်နေတာပဲ၊ ခုတော့ ကုန်လုနီးနီး ပြောင်ပြီ ယူစရာလည်း မရှိတော့ဘူး”ဟု ကျောက်မဲဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်၌ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၈၆၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယနေ့ (စက်တင်ဘာလ ၉ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကော်မရှင်တက်မှ ကျောက်မဲမြို့ဘက် မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် လေကြောင်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲ၊ သီပေါမြို့ပေါ် ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများမှ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ ဘေးလွတ်ရာ ကျေးရွာများနှင့် လားရှိုးမြို့ဘက်သို့ ထပ်မံတိမ်းရှောင်လျက်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...