မြန်မာ့လူငယ်များ၏ “အနာဂတ် ရပ်တန့်ခံ” နေရကြောင်း UNDP က အသိပေး
SHAN -
မြန်မာနိုင်ငံရှိ လူငယ်များသည် ပညာရေးနှင့် အလုပ်အကိုင် အကျဉ်အတည်း ပိုမို နက်ရှိုင်းလာသောကြောင့် ၎င်းတို့၏ “ အနာဂတ် ရပ်တန့်ခံ” နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၂ ရက်စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သော လူငယ်များသည် မကြုံစဖူးသော...
ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ
သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး...
PNOတပ်သားကို စစ်ကော်မရှင်တပ်သားများက အုပ်စုဖွဲ့ဝိုင်းရိုက်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သားတစ်ဦး ကို စစ်ကော်မရှင် တပ်သားများက အုပ်စုဖွဲ့ ဝိုင်းရိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ညတွင် အသက် ၃၀ ကျော်အရွယ် PNO တပ်ဖွဲ့ဝင်တစ်ဦးမှ တောင်ကြီးမြို့ထဲသို့ ဆိုင်ကယ်ဖြတ်မောင်းစဉ် စစ်ကော်မရှင် တပ်သား အယောက်...
ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း
SHAN -
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...
နမ္မတူမြို့ပေါ် စစ်တပ် လေကြောင်းဗုံးကြဲ စစ်ဘေးရှောင် ၄ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ (အောက်တိုဘာ ) ၂ရက် မနက် ၇နာရီဝန်းကျင်တွင်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၄ ဉီးသေဆုံးခဲ့ပြီး၊ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် ယနေ့ မနက် ၇နာရီခွဲတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ပေါ်...
ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...
ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း...
တောင်ကြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးရေး ထပ်မံလုပ်ဆောင်နေ
သျှမ်းပြည် တောင်ကြီးမြို့တွင် တရားမဝင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးစစ်ဆေးမှု ထပ်မံလုပ်ဆောင်လာပြီး စစ်ကော်မရှင်နှင့် နီးစပ်သူများသာ ဖမ်းခံရသည့် ကား၊ ဆိုင်ကယ်များကို ပြန်လည် ရွေးထုတ်ခွင့်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းနှင့် သစ်တောရပ်ကွက်၊ ဝါးပြားလမ်းဆုံ၊ ဧရာဝတီ ကဖေးအနီးနှင့်...
မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး
SHAN -
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...
မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့...






