ဖယ်ခုံ နေရပ်ပြန် စစ်ရှောင်များ မြေမြှုပ်မိုင်းကြောင့် လယ်ယာလုပ်ရန် အခက်အခဲဖြစ်နေ

သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် နားဟီးရွာ နေရပ်ပြန်စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်းများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ဇွန်လဆန်းပိုင်း မှ စတင်ပြီး ဇူလိုင်လအထိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့ တကျော့ ပြန်လည် ထိန်းချုပ်နိုင်ရန် တော်လှန်ရေး တပ်ပေါင်းစုများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ကာ ဒေသခံ ၁ သောင်းဝန်ကျင်သည် နီးစပ်ရာမြို့ သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်လအကြာတွင် စစ်ကော်မရှင်တပ်နှင့် PNOပြည်သူ့စစ် ပူးပေါင်းတပ်တို့က ဖယ်ခုံအရှေ့ဘက်ခြမ်းကို ပြန်လည်သိမ်းယူပြီး စစ်ရှောင်များကို နေရပ်ပြန်ခေါ်ခဲ့ပြီး မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်း ဆက်လက် မလုပ်ကိုင်ရဲတော့ကြောင်း နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

“စစ်ရှောင်ရတုန်းက သူများနားက ချေးငှားပြီး ရှောင်ရတာ။ ပြန်လာတော့ အကြွေးကလည်း ဆပ်ဖို့လိုတယ် ၊တောင်ယာတွေ တောခြံတွေသွားမယ်ဆိုတော့ မြေမြှုပ်မိုင်းကို ကြောက်နေရတယ်။
နေ့စားလုပ်ပြီး တစ်နေ့စာ တစ်နေ့ ဖြေရှင်းနေရတယ်။ အဆင်မပြေပါဘူး လွတ်လပ် လုပ်ကိုင်စားလို့မရဘူး။ မိုင်းနင်းမိရင် သေသွားရင် အကြောင်းမဟုတ်ဘူး ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခရောက်နေရင် ရှင်လျက်နဲ့ သေလူလိုဖြစ်နေမှာ။”ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်တွင် နားဟီးကျေးရွာမှ အသက် (၃၀) ကျော်အရွယ် စိုင်းပြားနှင့် စိုင်းစိတ္တတို့ ညီကိုနှစ်ယောက်သည် မျှစ်ချိုးရန်၊ မှိုရှာရန် တောထဲတွင် လှည့်ပတ်ချိန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်း နှင့် ပတ်သက်သည့် အသိပညာများကို လေ့လာ မှတ်သားထားပြီး သတိထားသွားလာရန် လိုအပ်ကြောင်း၊ မသင်္ကာပစ္စည်းများနှင့် မြေမြှုပ်မိုင်း တွေ့ရှိလျှင် ရပ်ရွာအကြီးကဲများကို အသိပေးသင့်ကြောင်း သျှမ်းလူငယ် အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုရင် ရွာသားတွေက ပြန်နေပေမဲ့လည်း တောင်တွေ လယ်ယာ လမ်းတွေမှာ မြေမြှုပ်မိုင်းတွေ ခနခနတွေ့တယ်။ ဘယ်အဖွဲ့က မြေမြုပ်မိုင်းမှန်းတော့ မသိဘူး။ မြေမြုပ်မိုင်းတွေ အရမ်းများလို့ တစ်နေရာသွားရင် သတိထားသွားရမယ်။ မြေမြုပ်မိုင်းတွေ့ရင် ရပ်ရွာထဲက လူကြီးတွေကို သတိပေးရမယ်။ မိုင်းနဲ့ ပတ်သက်ပြီး အသိပညာတွေရှိထားသင့်တယ်။”ဟု ၎င်း သျှမ်းလူငယ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဖယ်ခုံအင်း အရှေ့ဘက်တွင် နေရပ်ပြန်စစ်ရှောင်များ ၈၀၀၀ ကျော်ရှိပြီး စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က နယ်မြေစိုးမိုးထားကာ ကျေးရွာများတွင် တပ်စွဲနေထိုင်နေကြောင်း သိရသည်။

နယ်မြေစိုးမိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒေသခံများ အန္တရာယ်ကင်းရှင်းစေရန် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကျော့ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း စစ်ဘေးရှောင်နေသည့် ဖယ်ခုံမြို့နယ် ဒေသခံများကို ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...