ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း (၅၀၀) ခန့်သည် TNLA ဝင်ရောက်တပ်စွဲခဲ့သည့် ပြိန်းခါးရွာ စာသင်ကျောင်းသို့ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ပြန်လည်ထွက်ခွာပေးရန် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပလောင်စစ်သားတွေ ရွာထဲဝင်လာတယ် ကြားလို့ လူကြီးတွေပဲ သွားပြောရင် သူတို့ နားမထောင်မှာစိုးလို့ ဘုန်းကြီးနဲ့ ရွာသားတွေပါ ခေါ်ပြီး ရွာက ထွက်ပေးဖို့ သွားတောင်းဆိုတာ။ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲမှာကြောက်လို့ မြန်မြန်ထွက်ပေးဖို့ အခုလို တောင်းဆိုရတာလို့ ရှင်းပြပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုကြတာ။ သူတို့လည်း ဘာမှမပြောပါဘူး ကောင်းကောင်းမွန်မွန်ပဲ ထွက်သွားပေးတယ်”ဟု ဆန္ဒထုတ်ဖော်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် မိုင်းတင်းရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမတိုင်မီ စက်တင်ဘာလ (၂၇) ရက် ညပိုင်းတွင် ကျောက်မဲမြို့နှင့် (၇) မိုင်ခန့် ကွာဝေးသည့် မိုင်းတင်းကျေးရွာအနီး ပိန်းခါးရွာရှိ စာသင်ကျောင်းသို့ TNLA တပ်ဖွဲ့ဝင် အင်အား (၅၀) ခန့် လာရောက်တပ်စွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – မိုင်းတင်းရွာနှင့် ပြိန်းခါးရွာကြားရှိ TNLA စစ်ဆေးရေးဂိတ်ကို ရွာသားများ ဖယ်ရှားနေစဉ် (ဓာတ်ပုံ-ဒေသခံ)

ထို့နောက် မိုင်းတင်းရွာဒေသခံများမှ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် TNLA တပ်သားများ စာသင်ကျောင်းမှ ထွက်ခွာပေးရန် သွားရောက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ရာ စက်တင်ဘာလ (၂၈) ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အဆိုပါ TNLA တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားခဲ့ပြီး မိုင်းတင်းရွာနှင့် ပြိန်းခါးရွာကြားရှိ TNLA စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာသားတွေ ပလောင်စစ်သားကို ဆန္ဒပြတာလည်း သျှမ်းတပ်က အစည်းအဝေးခေါ်ပြီး သွားခိုင်းတာ မဟုတ်ဘူး။ မိုင်းတင်းက ပြည်သူတွေ TNLA စစ်သားတွေကို သွားပြီးမှ မောင်းထုတ်တယ်လို့ ပြောနေကြတာ အဲ့လိုမဟုတ်ဘူး။ သံဃာတော်နဲ့ ရွာသားတွေက စစ်တပ် လေယာဉ်နဲ့ ဗုံးလာကြဲမှာကြောက်လို့ သူတို့ပြန်ထွက်ပေးဖို့ တောင်းဆိုတာပါ မောင်းထုတ်တာ မဟုတ်ပါဘူး”ဟု မိုင်းတင်းရွာဒေသခံ အဆိုပါအမျိုးသားက ဆက်ပြောသည်။

အခြားတစ်ဘက်တွင် မိုင်းတင်းကျေးရွာနှင့် ပိန်းခါးရွာကြားရှိ TNLA စစ်ဆေးရေးဂိတ်ကို ရွာသားများ ဖယ်ရှားနေသည့် ရုပ်သံများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ရာ ၎င်းတို့ကို အသုံးချပြီး သျှမ်းနှင့် တအာင်း(ပလောင်) အကြား လူမျိုးရေး သွေးခွဲလှုံ့ဆောင်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“TNLA ဂိတ်ကို မဖျက်ခင်ကတည်းက သူတို့ဆီကို တောင်းပန်ပြီးပြီ၊ နောက်တစ်ရက် TNLA စစ်သားတွေ ထွက်သွားတော့မှ ပြဿနာ မရှိအောင် ဆိုပြီးတော့ ရွာသားတွေက ဖျက်လိုက်တာ။ ဒီကိစ္စ ဖြစ်သွားတာလည်း ဘယ်သူက ဦးဆောင်တယ်ဆိုတာ ပြောဖို့ခက်တယ်။ ဆိုရှယ်မီဒီယာ ပေါ်မှာ ကိုယ်ပိုင်စိတ်ခံစားချက်နဲ့ မျှဝေကြတော့ ကိစ္စအသေးကနေ အကြီးကြီး ဖြစ်ကုန်တာ၊ လူမျိုးရေး ဖြစ်သွားမှာ စိုးရိမ်စရာပေါ့” ဟု ကျောက်မဲမြို့မှ မြို့မိမြို့ဖ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုတွင် မိုင်းတင်းရွာမ၊ မန်စန်း၊ လွယ်အွယ်၊ ဝေဘူ၊ ပြိန်းခါး၊ နမ့်ဆော့၊ ပင်တီးနှင့် နားမွန်းကျေးရွာတို့ ပါဝင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လည်း သွားလာလှုပ်ရှားနေသည်။

ပုံစာ – မိုင်းတင်းရွာနှင့် ပြိန်းခါးရွာကြားရှိ TNLA စစ်ဆေးရေးဂိတ်ကို ရွာသားများ ဖယ်ရှားနေစဉ် (ဓာတ်ပုံ-ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...