တောင်ကြီးမြို့နယ် NLD ပါတီဝင် အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ၊အလောင်းပြန်မရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် မောက်စံကျေးရွာတွင် ယမန်နေ့ (ဇွန် ၁၂)ရက် ညနေ ၃နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၁၂)ရက် ညနေ ၃နာရီတွင် အသက် (၆၅)နှစ်အရွယ်ရှိ NLD ပါတီဝင် ဦးထွဋ်မောင်သည်...
ရန်ကုန် SNLD ရုံးခန်း ပြည်ထဲရေး ဝင်ရောက် စစ်ဆေး မေးမြန်းခဲ့
SHAN -
ရန်ကုန်မြို့တွင် အခြေစိုက်ထားသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(SNLD) (ကျားခေါင်း)ပါတီ ကို ပြည်ထဲရေးဝန်ကြီးဌာန မှ ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန် (၁၀)ရက် နေ့လည်ပိုင်း တွင် စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိ၊ မရှိနှင့် နိုင်ငံရေးပါတီ အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပြဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ၊မရှိ...
လားရှိုး ကိုဗစ် ပိုးတွေ့ရှိသူများလာသဖြင့် မြိ့ဝင်၊ထွက် စစ်ဆေးရေးဂိတ်ပြန်ဖွင့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိလာသည့်အတွက် မြို့၊အဝင်၊အထွက်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဇွန် (၈ )ရက်မှ စပြီး ဇွန် (၁၁) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၃၃) ဦးအထိမြင့်တက်လာသည့် အတွက် လားရှိုးမြို့ဝင်၊ထွက်တွင်...
ဟိုပုံးမြို့ Non-CDM ဆရာမ (၂)ဦး ကိုဗစ်-၁၉ တွေ့ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် Non-CDM ကျောင်းဆရာမ(၂)ဦးထံ ကိုဗစ်-၁၉ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( ဇွန် ၁၁)ရက် ဟိုပုံးမြို့မှ Non- CDM ကျောင်းဆရာမတစ်ဦး၏ မိသားစု နေမကောင်း ဖြစ်ပြီး အနံ့ပျောက်သဖြင့်ဆေးရုံသို့ လာရောက်ပြသရာ ဆရာမနှင့် အတူ အိမ်သား(၂) ယောက်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပိုးတွေ့ရှိပြီး၊ ယနေ့တွင်လည်း...
ထုန့်မောဝ်းဒေသ တခြားလက်နက်ကိုင်ဆက်ကြေးကောက်ခံမှု SSPP တားမြစ်ပေးရန် တောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ (ထုန့်မောဝ်း)အတွင်း နေထိုင်သည့် သျှမ်းပြည်သူလူထုမှ နယ်မြေတွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လက်နက်ကိုင်တစ်ချို့ ဆက်ကြေးကောက်နေသည့်အပေါ် ဖြေရှင်းပေးရန် SSPP/SSA တပ်ဖွဲ့ကို တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၁၀) ရက် က ထုန့်မောဝ်ဒေသခံများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာနှင့်...
TNLA မှ ဖမ်းဆီးထားသည့် ရေအိုးကျေးရွာသားတစ်ဦး ကျန်းမာရေးစိုးရိမ်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )မှ ဖမ်းဆီးသွားသည့် အသက် (၅၃)အရွယ်ရှိ အမျိုးသားတစ်ဦး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။ ထိုအသက်(၅၃)နှစ်အရွယ်ရှိ ဦးထွန်းအုပ်ကို မေ (၃၀)ရက် တွင် RCSS/SSA ၏ သတင်းပေးသူဟု စွတ်စွဲကာ...
ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းနေရာကောင်းများကို Non-CDM များလုယူနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားနေသည့် CDM ပညာရေးဝန်ထမ်းများ၏ လစ်လပ်နေရာကောင်းများကို Non-CDM များက လုယက်ယူဆောင်နေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်း အစိုးရဝန်ထမ်းများ CDM ပြုလုပ်ကြပြီး၊ ထို CDM ပြုလုပ်သူများကို စစ်ကောင်စီ က ရာထူးမှ...
မိုးဗြဲစစ်ဘေးရှောင် အတွက် လှူဒါန်မည့် ပစ္စည်းများ စစ်ကောင်စီမှမီးရှို့ဖျက်ဆီး
SHAN -
သျှမ်းတောင် မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက်သွားရောက်လှူဒါန်းမည့် ပစ္စည်းများကို စစ်ကောင်စီအုပ်စု မှ လမ်းတွင် တိုက်ခိုက်လုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီအုပ်စု နှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်တို့ ကြားတိုက်ပွဲဖြစ်ပွားမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့်သူများဖြစ်ပြီး၊ လက်ရှိမှာ မိုးဗြဲမြို့နယ်တွင် စစ်ရှောင် (၂၀၀၀) ကျော်ရှိပြီး...
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များအားလုံး CDM ဝင်၊ အလုပ်နားကြရန် ကချင်လွတ်လပ်ရေး တပ်မတော်တပ်ဖွဲ့ (KIA/KIO) က စာထုတ်ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၆ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းယော် တိုက်နယ်...
RCSS နှင့် SSPP တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ
SHAN -
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတစ်လျောက်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့ တိုက်ပွဲသည် ယမန်နေ့ (ဇွန် ၁၀)ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်နေသေးကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အပြန်အလှန်နယ်မြေလုသည် ဆိုသည့် အကြောင်းပြချက်ဖြင့်...





