Wednesday, January 28, 2026

ဟိုပုံးမြို့ Non-CDM ဆရာမ (၂)ဦး ကိုဗစ်-၁၉ တွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် Non-CDM ကျောင်းဆရာမ(၂)ဦးထံ ကိုဗစ်-၁၉ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့( ဇွန် ၁၁)ရက် ဟိုပုံးမြို့မှ Non- CDM ကျောင်းဆရာမတစ်ဦး၏ မိသားစု နေမကောင်း ဖြစ်ပြီး အနံ့ပျောက်သဖြင့်ဆေးရုံသို့ လာရောက်ပြသရာ ဆရာမနှင့် အတူ အိမ်သား(၂) ယောက်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပိုးတွေ့ရှိပြီး၊ ယနေ့တွင်လည်း ၎င်းဆရာမနှင့်နေအိမ် အဝင်၊အထွက်ရှိသည့် Non-CDM ဆရာမ တစ်ဦးကို ထပ်မံ တွေ့ရှိကြောင်း ဟိုပုံးမြို့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ဟိုပုံးမြို့ အမက ၄ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမမိသားစုပါ၊ မနေ့က (ဇွန် ၁၁) ထိ ဆရာမကကျောင်း တက်သေးတယ်တဲ့၊ မနေ့ညက ညနေပိုင်းမှာ အနံ့မရတော့ဘူးဆိုပြီး ဆေးရုံကို ရောက်လာတော့ RTK နဲ့ စစ် ကြည့်တာ သုံးဦးက ပိုးတွေ့တယ်။ ဒီနေ့လည်း အဲ့ဆရာမနဲ့ အဆက် ကျောင်းဆရာမ နောက်တဦး ထပ်တွေ့တယ် ” ဟု ဟိုပုံးဆေးရုံမှ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။

ဆက်လက်ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ၎င်းဆရာမနှင့် နေအိမ်အဝင်အထွက်ရှိသည့် အလုပ်တူ နောက်ထပ် NON CDM ဆရာမတစ်ဦးကိုလည်း Rapid Test Kit ဖြင့် ဟိုပုံးဆေးရုံမှာ စစ်ဆေးရာ ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိရကြောင်း သိရသည်။

ဟိုပုံးမြို့ တွင်နေထိုင်သူ NON -CDM ကျောင်းဆရာမတို့သည် မိသားစုဝင် ၅ ဦးရှိသည့်အနက် ဆရာမနှင့် အတူ၎င်း၏အမျိုးသားနှင့် ညီမတို့ကိုပါ ကိုဗစ်ကူးစက် ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

လက်ရှိတွင် ဆရာမတို့ နေထိုင်ရာအိမ်ရာကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်လူကြီးများမှ အသွား အလာ ကန့်သတ်ထားပြီး၊ ဝင်/ထွက်ခွင့်ပါ ပိတ်ထားကြောင်း ဟိုပုံးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတော့ သူတို့နဲ့ သူတို့အိမ်ဝန်းဖက် အသွားအလာ ကန့်သတ်လိုက်ပါပြီ၊ ဒါပေမယ့် မနေ့ကထိ ကျောင်းတက် သေးတယ်ဆိုတော့ ကလေးတွေအတွက်လည်း ပူရပြီ၊ အခုလို တွေ့တာတောင် ကျောင်းကမပိတ်ပေးသေးဘူး လေ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံမှုသည် တစ်နေ့ထက်တစ် နေ့ ပိုမိုတိုးပွားလာပြီး တချို့သောမြို့နယ်များတွင် ပိတ်ထားသည့် ကွာရန်တင်းစင်တာများကို ပြန်လည်ဖွင့်လှစ် ထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့ ကောက်လာသည့် မိုင်းပေါက်ကွဲ တစ်ဦးသေဆုံး၊ ကလေးငယ် ၃ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီသူ (အထက်)ကျေးရွာတွင် ကောက်လာသည့်မိုင်းပေါက်ကွဲရာ အမျိုးသားတစ်ဉီးသေဆုံးပြီး ကလေးငယ် ၃ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)ရွာရှိ ကလေးငယ်သည် ရွာပြင်တွင် ကျနေသည့် မပေါက်ကွဲသေးသော မိုင်းကို ကောက်ယူလာသဖြင့် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း...

ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ

0
ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...

ထိန်းချုပ်မြို့များမှ သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အရေးယူသွားမည်ဟု TNLA ပြော

0
“၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့(၇)မြို့မှ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ယနေ့ (မေလ ၁၅ ရက်) ရက်စွဲဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်မြို့များရှိ...

ဟိုပုံးမြို့တွင် စစ်မှုထမ်းသင်တန်း ပထမဆုံးဖွင့်လှစ်၊ ရှေ့တန်းထိ ပို့ခံရမည်ကိုစိုးရိမ်နေ

0
သျှမ်းပြည်ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) တွင် ပထမဆုံးအကြိမ် စစ်မှုထမ်းသင်တန်းအခမ်းအနားကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းသင်တန်းအခမ်းအနားကို ယနေ့ (ဧပြီလ ၈ )ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝာာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်...

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည် Non-CDM များကို နယ်နှင်ဒဏ်ပေး

0
ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှ တိုက်ပွဲအတွင်း ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non-CDM ဝန်ထမ်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်တွေကို နယ်နှင်ဒဏ်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ယနေ့ (နိုဝင်ဘာ - ၂၉)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို၏ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက် နွယ်မှုမရှိသော Non-CDM များကို ပထမအကြိမ် အမှုထမ်း...