Wednesday, January 28, 2026

ထိန်းချုပ်မြို့များမှ သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အရေးယူသွားမည်ဟု TNLA ပြော

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့(၇)မြို့မှ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

ယနေ့ (မေလ ၁၅ ရက်) ရက်စွဲဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ထိန်းချုပ်မြို့များရှိ Non-CDM ဝန်ထမ်းများအပေါ် အချက်(၃) ချက် ပါဝင်သည့် ရှင်းလင်းချက်တစ်စောင် ထုတ်ပြန်လာခဲ့သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ထိန်းချုပ်ထားသည့် (၇)မြို့ရှိ စစ်ကောင်စီလက်အောက်တွင် ပုံစံမျိုးစုံဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် Non-CDM ဝန်ထမ်းများအားလုံးကို လုပ်ငန်းတာဝန်များ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLA က ကြေညာခဲ့သည်။

“စစ်ကောင်စီ ဝန်ထမ်းတွေ မူဆယ်မှာ စာသွားသင်ပြီး နမ့်ခမ်းကို ပြန်တာမျိုးဆိုရင် သူလျှိုလို့ သတ်မှတ်ပြီး အချိန်မရွေး ဖမ်းနိုင်တယ်ဆိုပြီးတော့ TNLA က ခြိမ်းခြောက်တာရှိတယ်။ နောက်ပြီးတော့ မူဆယ်ကို ပြောင်းမယ်ဆိုရင်လည်း အိုးအိမ်တွေလည်း အကုန်ပြောင်းသွားဖို့ ပြောတာပေါ့”ဟု နမ့်ခမ်းမြို့ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အရေးယူနိုင်ရန် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့် စီမံချက်အရ အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အလားတူ TNLA က ထိန်းချုပ်ထားသည့် မြို့များတွင် ဆက်လက်နေထိုင်သည့် Non-CDM ဝန်ထမ်းများသည် စစ်ကောင်စီထံမှ လစာထုတ်ယူခြင်း၊ လုပ်ငန်းအစီရင်ခံစာ ပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိပါက အပြစ်ပေး အရေးယူသွားမည်ဟု ထုတ်ပြန်ရှင်းလင်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း TNLA ဒု-ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် တားဂျုတ်ဂျား မှ CDM
ဝန်ထမ်းများနှင့်သာ လက်တွဲအလုပ်လုပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ဖူးသည်။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ၎င်းမြို့များတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...