လားရှိုး ကိုဗစ် ပိုးတွေ့ရှိသူများလာသဖြင့် မြိ့ဝင်၊ထွက် စစ်ဆေးရေးဂိတ်ပြန်ဖွင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိလာသည့်အတွက် မြို့၊အဝင်၊အထွက်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့တွင် ဇွန် (၈ )ရက်မှ စပြီး ဇွန် (၁၁) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၃၃) ဦးအထိမြင့်တက်လာသည့် အတွက် လားရှိုးမြို့ဝင်၊ထွက်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ယနေ့ (ဇွန် ၁၂)ရက်မှ စကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်းကာ စစ်ဆေးမှု ပြုလုပ်နေကြောင်း လားရှိုးဒေသခံများ က ပြောသည်။

“လားရှိုးမြို့အဝင်မှာ ကျန်းမာရေးစစ်တဲ့ ဂိတ်တွေအကုန်လုံးက ဒီနေ့ စစစ်နေပါပြီ။ အဓိကတော့မြို့ အဝင်၊အထွက် ခရီးသွားရာဇာဝင်ယူနေတာပါ။ Qတော့ မဝင်ခိုင်းသေးပါဘူး” ဟု လားရှိုးဒေသခံတဦးက ဆိုသည်။

လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ လားရှိုး မြို့သို့ လာရောက်မည်ဆိုပါက ရောဂါကာကွယ် ဆေး ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်ထိုးနှံပြီးကြောင်း ကျန်းမာ ရေးဌာနများမှ ထုတ်ပေးထားသောလက်မှတ်စာရွက်နှင့်အတူ (၂)ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကင်းရှင်း ကြောင်း Swab တို့ဖတ်စစ်ဆေးထားသည့် လက်မှတ်စာရွက်တို့ ပါရှိရမည်ဖြစ်ကြောင်း လားရှိုး ကျန်းမာရေး ဌာန က ထုတ်ပြန်ထားသည်။

သျှမ်းတောင် ဟိုပုံးမြို့တွင်လည်း Non-CDM ဆရာမ (၂)ဦး ကိုဗစ်-၉ ပိုးတွေ့ရှိသူ၊ ၎င်းနှင့် နီးစပ်သည့် ဆွေမျိုး (၂)ဦးလည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိထားကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုကို ကောင်းမွန်စွာ မပြုလုပ်နိုင်ပေ။

ထို့ပြင် ကျန်းမာရေးဝန်ထမ်းများကလည်း စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် အာဏာဖီဆန်ရေး( CDM) ပြုလုပ်သူ များပြားသောကြောင့် တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံနှံ့မှု အခြေအနေသည် ပြည်သူများက နိုင်ငံရေးနှင့်အတူ သတိထား စိုးရိမ်နေရကြောင်းလည်း ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...