Saturday, May 18, 2024

CATEGORY

သတင်း

နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက်...

MNDAA ကိုးကန့်တပ်မှ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ကိုးကန့်တပ် MNDAA မှ သိမ်းပိုက်လိုက်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီး ဆဲဗင်းဟွာကျင့်...

“ပြည်သူလူထုတွေ ဘယ်သူမဆို ဒီလို တိုက်ပွဲတွေ မလိုလားဘူး။ မြန်မြန် အေးချမ်းချင်တယ်။ အိမ်လည်း ပြန်ချင်နေပါပြီ”

သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်း ကို သိမ်းပိုက်နိုင်ဖို့အတွက် နိုဝင်ဘာ (၃) ရက်နေ့ကစတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နဲ့ စစ်ကောင်စီ တို့ နေ့စဥ်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ၃ ပတ်ကြာလာပြီး TNLA...

ပန်ဆိုင်းမြို့ သံဃာတော်များပါ စစ်ရှောင်နေရ

သျှမ်းပြည် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA ) တို့ တိုက်ပွဲများကြောင့် သံဃာတော်များပါ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပန်ဆိုင်းမြို့ စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများတွင် အချိန်မရွေးသေဆုံးနိုင်သည့်အတွက် ပြည်သူများအပြင် သံဃာတော်များပါ ကျောင်းဆောင်ကို...

စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ နှင့် TNLA တိုက်ပွဲပြင်းထန်၊ကလေးတစ်ဦး ကျည်ထိမှန်

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၄) ရက် ည ၅ နာရီဝန်းကျင်က နှစ်ဖက်တိုက်ပွဲအတွင်း...

လားရှိုးရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခိုင်အမာခံစစ်စခန်းတစ်ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းကို စစ်ကောင်စီ လေကြောင်းပစ်ကူပေးနေသည့်ကြားမှပင်နိုဝင်ဘာ၂၃ ရက် ညသန်းခေါင်ယံတွင် TNLA ဘက်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် ၏ ထုတ်ပြန်ချက်အရ သိရသည်။ တပ်မဟာ(၆)နယ်မြေ၊လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှစတင် တိုက်ခိုက်ခဲ့ရာ...

ကျောက်မဲမြို့ ပိုင်ရှင်မဲ့အလောင်း ထပ်တွေ့

သျှမ်းပြည် ကျောက်မဲမြို့ တရုတ်သုသာန်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင် စုံစမ်းသိသည်။ သျှမ်းပြည် ကျောက်မဲမြို့ ရပ်ကွက် ၁ ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) နေ့လည်ပိုင်းတွင် တရုတ်သုသာန်၌ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး နမ့်ခုံးပရဟိတအသင်းခွဲ မှ အေးချမ်းသာ သုသာန်သို့ ကူညီ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်...

မူဆယ်မြို့ အမျိုသားတစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ်(၂)စျေးအနီး ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၄)ရက် နံနက် ၇နာရီဝန်းကျင်တွင် ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ် (၂)စျေးအနီးတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကို ယနေ့ (နိုဝင်ဘာ...

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့်...

Latest news