လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် သီပေါစစ်ရှောင် မိန်းကလေးတစ်ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များထဲမှ လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မိန်းကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် သီပေါမြို့စစ်ရှောင် အသက် (၁၃) အရွယ်ရှိ မိန်းကလေးငယ် တစ်ဦးသည် မွေးရာပါ ရောဂါကြောင့် သေဆုံးသွားခဲ့ကြောင်း Freedom Youth Organization – FYO ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးမလေးက မွေးရာပါ ရောဂါကြောင့် သီပေါမြို့က ပရဟိတတစ်ဖွဲ့က လားရှိုးဆေးရုံမှာ လာပို့ပြီး ဆေးကုသမှု ခံယူရင်းကနေ မနေ့ညနေက ဆုံးသွားတာ။ မိဘလည်း ဆုံးသွားတာ ကြာပြီလို့ သိရတယ်၊ ဆွေမျိုးတွေတော့ ရှိလောက်တယ် လိုက်မလာကြတာ နေမယ်”ဟု FYO ပရဟိတအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်တွင် သီပေါမြို့ရှိ လူမှုကူညီရေး ပရဟိတအဖွဲ့တစ်ခုမှ အဆိုပါ မိန်းကလေးကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။

လားရှိုးဆေးရုံကြီးတွင် သေဆုံးသွားသည့် သီပေါစစ်ရှောင် မိန်းကလေးသည် အသက် (၁၃) နှစ်အရွယ် နန်းစိန်ညွန့် ဖြစ်ကြောင်း သိရပြီး ယနေ့ (အောက်တိုဘာလ ၁၀ ရက်)တွင် လားရှိုးဆေးရုံကြီး ရင်ခွဲရုံမှ ဘာသာပေါင်းစုံ သုဿာန်သင်္ချိုင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင်လည်း လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက် (၆၀) ကျော်အရွယ်ရှိ ဦးမာလာ သည် နာတာရှည်ရောဂါအပြင် ဗုံးဆံထိမှန်ထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဂေဟာ (၂၆) နေရာတွင် နမ္မတူစစ်ဘေးရှောင် (၁၀၀၀) ကျော်၊ ကျောက်မဲ၊ နောင်ပိန်နှင့် သီပေါဘက်မှ စစ်ဘေးရှောင် (၂၀၀၀) နီးပါး၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ (၃၀၀၀) ခန့် ရောက်ရှိနေပြီး ၎င်းတို့အတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ပုံစာ – လားရှိုးဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည့် သီပေါစစ်ရှောင်မိန်းကလေး (ဓာတ်ပုံ-FYO)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...