Sunday, February 15, 2026

CATEGORY

သတင်း

မိုးမောက်မြို့နယ် သျှမ်းလူမျိုးနေထိုင်သည့် စီဟက်ရွာတွင် စစ်ကောင်စီ တပ်ဆွဲထား

ကချင်ပြည် မိုးမောက်မြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့် စီဟက်ရွာ တွင် အကြမ်းဖက်စစ်ကောင်စီမှ တပ်ဆွဲထားပြီး ပြည်သူများကို ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီ ၁၉ ရက် ညနေပိုင်း မှစတင်ကာ အကြမ်းဖက် စစ်ကောင်စီ က စီဟက်ကျေးရွာ အတွင်း တပ်ဆွဲထားပြီး၊ ရွာသားများကို သေနတ်ဖောက်ကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း...

တောင်ကြီး ဆန္ဒပြလူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးမှုပြုလုပ်နေသဖြင့် သပိတ်စစ်ကြောင်း ထွက်ရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာရှင် အလိုမရှိ စစ်ကြောင်းချီတက်ဆန္ဒပြခွင့်မရအောင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ နည်းမျိုးစုံ ဟန့်တားပြီး၊ ဆန္ဒပြ လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးလူထု သပိတ်စစ်ကြောင်းသည် လမ်းပေါ်ထွက် ချီတက်ခွင့်မရကြသော်လည်း လူငယ်များ နည်းမျိုးစုံ၊ ပုံစံစုံဖြင့် ဆက်လက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်...

တာချီလိတ်မြို့ဖမ်းဝရမ်းထုတ်ခံထားရသူ (၃၀၀) ကျော်ရှိ

သျှမ်းရှေ့ တာချီလိတ်မြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ခံထားရသူ (၃၀၀)ကျော် ရှိကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက် တာချီလိတ်ပြည်သူများသည် စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်နဲ့အမျှ နည်းမျိုးစုံ ဆန္ဒထုတ်ဖော်ခဲ့ကြရာ၊ ထိုဆန္ဒထုတ်ဖော်သူများထဲမှ ဖမ်းဝရမ်းထုတ်ခံရသူ (၃၀၀)ကျော်ရှိကြောင်း တာချီလိတ်ဒေသခံပြောပြချက် အရသိရသည်။ ထိုဖမ်းဝရမ်းထုတ်ခံရသူများထဲမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၂၀၂၀...

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ်

RCSS/SSA ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း တပ်စခန်းကို ဦးတည်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ၂၁)ရက် မနက်တွင် လက်နက်ကြီး ၃ချက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA၏ လွိုင်တိုင်းလိုင်း ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ (၂၁) ရက်...

ကချင်ပြည်နယ် မိုးမောက်မြို့နယ် တိုက်ပွဲကြောင့် သျှမ်းရွာ (၅၀)နီးပါးရွာလုံးကျွတ် ထွက်ပြေးနေရ

ကချင်ပြည် မိုးမောက်မြို့နယ်တွင် KIA တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ စစ်ရေး ပြင်ထန်းလာမှုကြောင့် သျှမ်းလူထုနေထိုင်သည့် ကျေးရွာ (၅၀)နီးပါး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယခုလ (ဧပြီ ၁၀)ရက် မှစတင်ကာ တိုက်ပွဲပိုမိုပြင်းထန်လာကာ ထိုအနီးတွင်နေထိုင်သည့် ဒေသခံ ပြည်သူများ...

ဖရဲသီးကား လမ်းတွင် ကြန့်ကြားမှုကြောင့် တရုတ်ပြည်သို့ တင်ပို့ရန် အရည်အသွေးကျဆင်း

တရုတ်ပြည်တင်ပို့မည့် ဖရဲသီးသည် လမ်းတွင် ကြန့်ကြာနေသဖြင့် အရည်အသွေးညံ့နေသဖြင့် ရောင်းဝယ်ရန် ခက်ခဲနေကြောင်း မူဆယ်မြို့ ကုန်စည်ဒိုင်များ ထံ စုံစမ်းသိရသည်။ မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် ဖရဲသီးများသည် လမ်းပေါ်တွင် ကြန့်ကြာမှုရှိကာ အရည်အသွေးညံ့မှုကြောင့်...

အောင်ပန်းမြို့ အမျိုးသမီးတဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကား(၅) စီးဖြင့် အောင်ပန်းမြို့ရှိ ညောင်ပင်ထောင်ရပ်ကွက်နေ ဒေါ်မာမာမြင့် ဆိုသူအား ၎င်း နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း အောင်ပန်းဒေသခံများ ပြောပြချက်အရသိရသည်။ “မနေ့ ည က စစ်ကား (၅)စီးနဲ့...

နမ္မတူ စစ်ရှောင် (၂၀၀၀)ကျော် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် စစ်ရှောင်ပြည်သူများ (၂၀၀၀) ကျော် အတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ ကြားတိုက်ပွဲ ပြင်ထန်းမှုကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်လာသည့် သူများဖြစ်သည်။ “ စစ်ဘေးရှောင်တွေက (၂၀၀၀...

မူဆယ်မြို့ ဆန္ဒပြသူ (၂၇) ဦး ထက်မနည်း ဖမ်းဆီးထားခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသော ပြည်သူ (၂၇)ဦး ထက်မနည်း အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၈၀ ကျော်တွင် မူဆယ်မြို့ ဆန္ဒပြပြည်သူများကို အကြမ်းဖက် စစ်ကောင်စီမှ (၂၇) ဦးကို...

သီပေါမြို့နယ် အတွင်း အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဧပြီ (၁၆)ရက် ည ၇နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့်အသက် ၅၄နှစ် အရွယ်ရှိ စိုင်းလျန်း ၏ နေအိမ်ကို ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂)ဦး က သေနတ်ဖြင့်...

Latest news