Saturday, May 4, 2024

တောင်ကြီးမြို့ ဈေးဝယ်ကဒ်မပါဘဲ အပြင်ထွက်သူများ ရိုက်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ ဈေးဝယ်ကဒ်ပြားမပါဘဲ အိမ်ပြင်ထွက်သူများကို စစ်ကောင်စီလက်အောက်ခံရဲများ က တုတ်ဖြင့်ရိုက်ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့ ယနေ့ဇူလိုင်း ၃၀ မြို့မဈေးရှေ့တွင် ဈေးဝယ်ကဒ်ပြားမပါဘဲ ထွက်လာသူများကို ရဲများက စစ်ဆေးပြီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း တောင်ကြီးမြို့ရိုက်ခံခဲ့ရသည့် အမျိုးသမီးတဦး ကပြောသည်။

“ သူတို့ ocean ရှေ့မှာ စစ်နေတာ။ ကဒ်ပြားမပါသွားတဲ့သူတွေကို တုတ်နဲ့ရိုက်တာ။ ၃ ချက်လောက်အရိုက်ခံလိုက်ရတယ်။ တင်ကိုရိုက်တာပါ” ဟု ရိုက်ခံရသည့် အမျိုးသမီး ကပြောသည်။

တောင်ကြီးမြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှုမြင့်မားလာသောကြောင့် Stay at home သတ်မှတ်ထားသည့် မြို့ဖြစ်ပြီး တစ်အိမ်လျှင်ဈေးဝယ်ခွင့် ကဒ်ပြားဖြင့် အပြင်ထွက်ခွင့်ရှိကြောင်းသိရသည်။

“ ဒီမှာ Stay at home ဆိုတော့။ ဘယ်နေ့ကစစစ်နေလည်းတော့ ကျမတိုအသေချာမသိဘူး။ သူငယ်ချင်တွေပြောတာတော့ Stay at home သတ်မှတ်ကတည်းက စစ်နေတယ်လို့ပြောတယ်” ဟု အထက်ပါ တောင်ကြီးမြို့ဒေသခံတဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာပြီး သေဆုံးသူလည်း နေ့စဉ်ရှိနေသဖြင့် တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့ကို Stay at home အနေဖြင့် ဇူလိုင် ၂၅ နေ့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article