စစ်ကောင်စီမှ သျှမ်းပြည် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ပြောင်းလဲခန့်အပ်တာဝန်ပေး

နိုင်ငံတော်အာဏာကို သိမ်းယူပြီး ရွေးကောက်ပွဲမှတဆင့်အနိုင်ရသည့် ပါတီများမှ ရွေးကောင်တင်မြောက် ထားသည့် လွတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ် ပြီးနောက် စစ်ကောင်စီသည် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခြင်းများ ပြုလုပ်ခဲ့ သည်။

ယမန်နေ့က သြဂုတ်လ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် သျှမ်းပြည် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဖြစ်လာသူ လားရှိုးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာကျော်ထွန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက အမိန့် ကြေညာထုတ်ပြန်ခဲ့ပါသည်။

ထို့အတူ သျှမ်းပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ် စီးပွားရေးရာ ဝန်ကြီး အဖြစ် ဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး အဖြစ် ဦးစိုင်းလိတ် (SNLD မှဦးစိုင်းလိတ် မဟုတ်ပါ) ၊ ပြည်နယ်လူမှု ရေး ရာ ဝန်ကြီး အဖြစ် ဦးအောင်မြင့်၊ ပြည်နယ် လမ်းပန်းဆက် သွယ်ရေး ဝန်ကြီးအဖြစ် ရဲမှူးချုပ် တင်ကိုကို နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးအောင်ကြည်ဝင်း တို့ကို ခန့်အပ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြောညာ ပြီးနောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း စစ်ကောင်စီက ကြေညာကာ တိုင်း/ပြည်နယ်ဝန်ကြီး များနှင့် ဝန်ကြီးချုပ်များကို ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်အထေ ွထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးဦးစီးမှူးသည် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အဖြစ် တာဝန်ယူမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ဝန်ကြီးနှင့် ဝန်ကြီးချုပ်မျာ ခန့်အပ်တာဝန်ပေးခြင်း ကြေညာထုတ်ပြန်ချက်များသည် စစ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ နှင့် ကြောညာချက်ထုတ်ပြန်ခြင်း အမိန့်အမှတ် (၁၅၈/၂၀၂၁)မှာ ဖော်ပြ ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...