Saturday, September 14, 2024

လာရှိုးမြို့တွင် Kpay မှတဆင့် ငွေလိမ်မှုများရှိနေ

Must read

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် Kpay မှ ငွေလွှဲခိုင်းပြီး ငွေသားထုတ်ပေးမည်ဟုဆိုကာ ငွေများကို လိမ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁ရက် မှ စတင်ကာ စစ်တပ်မှ နိုင်ငံတော့်အာဏာကို သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံအတွင်း အခက်အခဲပေါင်းများစွာရှိလာပြီး ဘဏ်များလည်း ပိတ်ဆိုင်းရသည့်အထိဖြစ်ခဲ့သည်။

ထို့နောက် ဘဏ်ရှေ့တွင် အလုအယက် ငွေထုတ်ခဲ့ကြရသဖြင့် ပြည်သူများက Kpay ကနေ တဆင့် ငွေထုတ်ခ ရာခိုင်နှုန်းပေးပြီး အလွယ်တကူထုတ်ယူခဲ့ကြပြီးနောက် ငွေလိမ်ညာမှုများလည်းရှိလာသည်။

ထို့ကြောင့် လားရှိုးမြို့တွင် ပြည်သူများက ဘက်ပေါင်းစုံ ခက်ခဲမှုရှိသဖြင့် kpay ငွေထုတ်ရာတွင် ရာခိုင်နှုန်းမယူသည့် ဆိုင်ကို အားကိုး ယုံကြည်ပြီး ငွေလွှဲ၊ငွေထုတ်မှုပြုလုပ်ရာ ယခုကဲ့သို့ ငွေလိမ်ညာခံခဲ့ရကြောင်း လားရှိုးဒေသခံများက ပြောသည်။

“Kpay ကနေရာခိုင်နှုန်းမယူဘဲထုတ်ပေးတယ်။ ဒါပေမဲ့ တရက်တော့ ကြိုလွှဲရတယ်။ ယုံအောင်သူဆိုင်သွားပြီးလွှဲခိုင်းတယ်။ တစ်ခါနှစ်ခါယုံအောင်ထုတ်ပေးတယ်။ နောက်ပိုင်းကမထုတ်ပေးတော့ဘူး” ဟု လာရှိုးမြို့ ဒေသခံအမျိုးသမီး တဦးကပြောသည်။

အလားတူ ယမန့်နေ့ (ဇူလိုင် ၂၉) ရက်တွင် လာရှိုးမြို့ဒေသခံ အမျိုးသမီးထပ်မံတဦးကလည်း ငွေသားထုတ်ရန်အတွက် ငွေလွှဲပေးပြီးနောက်ပိုင်း ဆိုင်ကိုသွားရှာရာတွင် မရှိထားတော့ကြောင်းသိရသည်။

“ ကျမရဲ့ ငွေ (၇) သိန်းခွဲလိမ်ခံလိုက်ရတယ်။ သူက ကျမကို Kpay ထဲငွေလွှဲခိုင်းပြီး ညနေလာထုတ်လို့ရပြီး ပြောတယ်။ ကျမ (၄)နာရီလောက်သူဆိုင်သွားတော့ သူက ပြသာနာသွားဖြေရှင်းနေတယ်လို့ပြောတယ်။ စောင့်နေတာမလားဘူး။ အဲနောက်မှသိလိုက်ရတာ သူလိမ်သွားပြီးဆိုတာကို” ဟု ငွေလိမ်ခံခဲ့ရသည့် မမီးမီးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။


ထိုသိုငွေလိမ်သွားခဲ့သည် အမျိုးသမီးသည် ငွေသား စုစုပေါင်း သိန်း(၄၉၀၀) လိမ်သွားခဲ့ကြောင်း လာရှိုးမြို့နယ် လူမှုကွန်ယက်ပေါ်တွင် ပြန်နှံနေခဲ့သည်။

သို့သော် ငွေသားစုစုပေါင်း မည်မျှလိမ်သွားသည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထိုကိစ္စနှင့်ပတ်သတ်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် ငွေလိမ်သွားသည့် အမျိုးသမီးကို အဖြစ်မှန်သိရှိရန် အတွက် ဆက်သွယ် မေးမြန်ခဲ့ သော်လည်း ဖုန်းစက်ပိတ်ထားသည်။
လက်ရှိတွင် ငွေလိမ်သွားသည့် အမျိုးသမီးသည် လာရှိုးမြို့ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း လာရှိုးမြို့ ဒေသခံများက ပြောသည်။
“ အခုက ပြည်သူတွေ အကုန်ခက်ခဲနေတယ်။ နိုင်ငံရေးလည်း မကောင်း၊ ကိုဗစ်လည်း ဖြစ်တယ်။ ဘဏ်မှာလည်း ထုတ်ယူလို့မရဘူး။ အဲကြောင့် kpay ကနေထုတ်ယူခဲ့တာ။ ခုတော့ ဘာမှယုံကြည်လို့ မရတော့ဘူး” ဟု မမီးမီးက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article