လွိုင်ကော် – ဆီဆိုင်လမ်းကို အသုံးမပြုလုပ်ရန် KNDF ထုတ်ပြန်၊ KPay အသုံးပြုသူများကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

လွိုင်ကော် – ဆီဆိုင်လမ်းကို ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်(၂)က ယမန်နေ့ (မတ်လ ၂၀ ရက်) တွင် အသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ လွိုင်ကော်-ဆီဆိုင်လမ်း တကြောတွင် စစ်ကောင်စီတပ်မှ နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေခြင်းကြောင့် တော်လှန်ရေးတပ်များနှင့် စစ်ရေးအခြေအနေအရ အချိန်မရွေး တိုက်ပွဲထိတွေ့မှုများ ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

“နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ မိဘပြည်သူများကို လိုက်နာပေးရန်၊ လက်ရှိ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ချေရှိတဲ့အတွက် ယာဉ်ကြီးနဲ့ ယာဉ်ငယ်များ ခရီးသွားလာခြင်း ခေတ္တ ယာယီရပ်ဆိုင်းထားပြီး အထူးသဖြင့် လိုက်ရန်ပေးရန်”ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အလားတူ သွားလာနိုင်မည့် အချိန်နှင့် နေ့ရက်များအား ပြန်လည် အသိပေးမည်ဖြစ်၍ အထက်ပါ ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးပါရန် KNDF ဗျူဟာ အမှတ်(၂)က အသိပေး မေတ္တာရပ်ခံထားပါသည်။

ထို့အပြင် လွိုင်ကော်မြို့တွင် ယခု မတ်လ မှ စတင်ပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲကာ KPay အသုံးပြုသူများကို လိုက်လံစစ်ဆေးမှု ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်း ရှိကြောင်း လွိုင်ကော် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလ အစကတည်းက KPay သုံးတဲ့သူတွေကို မှတ်ပုံတင်နဲ့တဆင့် စစ်ဆေးမှုတွေ လုပ်တယ်၊ ပုံစံအမျိုးမျိုးနဲ့ စစ်တယ်။ ကျနော် သူငယ်ချင်း ၂ ယောက်ဆို တော်လှန်ရေးကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်။ ထောင်ဒဏ် ၁၂ နှစ် ချမှတ်မယ်လည်း ပြောသေးတယ်။ အဖမ်းခံရတာ ၁၀ ယောက်မကဘူး”ဟု ဖြစ်စဉ်သိရှိသူ ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ မတ်လထဲတွင် စစ်ကောင်စီ၏ ဖိအားကြောင့် လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်များလည်း နေရပ်သို့ ပြန်လာနေကြပြီး ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနည်းဆုံး ၄ ခုခန့် ထားရှိပြီး မှတ်ပုံတင် ပါမှသာ မြို့ထဲသို့ သွားလာခွင့်ပြုနေသည်ဟု ၎င်းက ဆက်ပြောသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခင်က နောင်ယားရပ်ကွက်တွင် ဖွင့်လှစ်ထားသော်လည်း လက်ရှိတွင် ကယားဒေးကွင်း အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း ယာဉ်လိုင်းဂိတ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် စစ်ကောင်စီ ခန့် အပ်ထားသည့် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း၊ ယာဉ်လိုင်းပြေးဆွဲသူနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...