Wednesday, January 28, 2026

သျှမ်းပြည်တွင် တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးနေ

စစ်ကောင်စီက တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၆၅) နှစ်အထက်၊ ပရဟိတများ၊ ဝန်ထမ်းများ၊ ဈေးသည်များကို စတင်ထိုးပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည် အတွင်းရှိ တချို့မြို့နယ်များတွင် ဇူလိုင် (၃၀) ရက်နေ့က စတင်ပြီး ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း သိရသည်။

“ကျနော်ထိုးပြီးပြီ ဘာလက္ခဏာမှတော့မပြဘူး။ ဘာကြောင့်ထိုးလဲဆိုတော့ ကျနော်တို့က ပရဟိတတွေ လုပ်တော့ ကိုယ်က ရောဂါသယ်ဆောင်တဲ့သူ မဖြစ်ချင်ဘူး။ တစ်ချို့လည်း ယုံတဲ့သူရှိသလို မယုံတဲ့သူလည်း ရှိတယ်” ဟု မိုင်းကိုင်မြို့ရှိ နာရေးကူညီမှုအသင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယနေ့ သြဂုတ် (၂) ရက်နေ့သည် မြို့နယ်တစ်ချို့မှာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများပြားကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ ဒီနေ့ သွားထိုးမလို့ လုပ်တာ လူတအားများလို့ မထိုးလိုက်ရဘူး။ ဘာကြောင့် ထိုးချင်လဲဆိုတော့ ကိုယ့်ဒေသက ဆရာဝန်တွေလည်း ထိုးကြတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့ထိုးပေးတဲ့ ဆေးကို လေ့လာထားတယ်။အဲ့ကြောင့် ထိုးချင်တာပါ” ဟု ပင်လုံဒေသခံ လူမှုရေးလှုပ်ရှားသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့သည် ဒေသခံ ဆရာဝန်များ၊ သူနာပြုများကို ယုံကြည်သည့်အတွက် ထိုးနှံခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

လက်ရှိ သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းသည် ကူးစက်မှု မြင့်မားပြီး သေဆုံးသူ များပြားလာသည့်အတွက် ကာကွယ်ဆေးကို ထိုးချင်ကြကြောင်းလည်း စုံစမ်းသိရှိရသည်။

တစ်ချို့ဒေသသည် လာရောက်ထိုးနှံသူ များပြားသည့်အတွက် ဆေးပြတ်သွားကြောင်းလည်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...