မိုင်းငေါ့ ဒေသခံ အမျိုးသား (၂)ဦးကို TNLA ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့နယ် ချုံကျေးရွာအုပ်စု ဟေဝိုးကျေးရွာတွင် နေထိုင်သည့် အမျိုးသား (၂) ဦးကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဇူလိုင် ၂၈ ရက် မနက်ပိုင်း အချိန်တွင် TNLA မှ ဟေဝိုးကျေးရွာ နေထိုင်သည့် အမျိုးသား (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ရိုက်နှက်မှုပြုလုပ်ခဲ့ကာ ဇူလိုင် ၃၁ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိမှာတော့ TNLA မှ ပြန်လွှတ်ပေးသည့် အသက် (၅၄)နှဏ် အရွယ်ရှိ လုံးစိုင်းဆွေ တစ်ဦးသည် မိုင်းငေါ့မြို့ ရှိ စစ်ရှောင်စခန်းသို့ရောက်ရှိနေပြီး၊ ကျန်တစ်ဦးမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း မိုင်းငေါ့မှ စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟေဝိုးကျေးရွာအနီးပတ်ဝန်းကျင် တွင် တိုင်းရင်းသားအချင်းချင်းတိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ပြီး၊ တိုက်ပွဲကြောင့် ဒေသခံများ မိုင်းငေါ့မြို့ အနီးပတ်ဝန်းကျင်သို့ ထွက်ပြေး တိမ်းရှောင်နေချိန် ၎င်း ၂ဦးသည် စစ်ရှောင်စခန်းသို့မရောက်လာဘဲ လက်ဖက်ခြံတွင်နေထိုင်ကြောင်းသိရသည်။

“ သူတို့နေတဲ့နေရာက တိုက်ပွဲဖြစ်တယ်။ အဲ့ (၂)ယောက်က လက်ဖက်ခြံထဲမှာသွားနေတယ်။ ဆန်ကုန်တော့ ရွာပြန်သွားချိန်မှာ TNLA တပ်သားတွေနဲ့တွေ့ပြီး ဖမ်းခေါ်သွားခံရတယ်။ နောက် ရိုက်နှက်ခံရတယ်။ ဒဏ်ရာတွေက တော်တော်များတယ်” ဟု မိုင်းငေါ့မြို့စစ်ရှောင် ကူညီပေးနေသည့် သူက ဆိုသည်။

မိုင်းငေါ့ စစ်ရှောင်စခန်းသို့ ပြန်လည်ရောက်ရှိလာသည့် လုံးစိုင်းဆွေသည် လက်ရှိမှာ မိုင်းငေါ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းသိရသည်။
“ TNLAက သူတို့ကို ကြိုးတုတ်ပြီး ခြေထောက်ပေါ် ထင်တုံးနဲ့ လူးလိမ်စစ်ဆေးတယ်။ ရိုက်တယ်လို့ပြောတယ်။ လုံးစိုင်းဆွေက နားနည်းနည်းလေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

လုံးစိုင်းဆွေတို့သည် သျှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းပေးသူဟုထင်ကာ စွတ်စွဲကာ TNLA မှဖမ်းဆီးထားပြီး နှိက်စက်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထိုသို့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး မိုက်အိုက်ကျော်က “ ဖမ်းဆီးပြီးရိုက်တာတော့ မရှိပါဘူး။ အဲဖြစ်စဉ်တွေမရှိပါဘူး။” ဟု ပြောသည်။


ဇွန်လ ၂၃ ရက်နေ့ နမ္မတူမြို့နယ် နာခိုးလျံကျေးရွာ ဒေသခံ ရွာသား ၃ ဦးကိုလဲ TNLA တပ်ဖွဲ့မှ ရိုက်နှိက်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...