တောင်ကြီးမြို့ ဗုံးဖောက်ခွဲသူဟု စွပ်စွဲ ဖမ်းဆီးခံရသူ ပြန်လွှတ်လာ

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ဗုံးဖောက်ခွဲမှုများတွင် ပါဝင်သူဟု စွပ်စွဲခံရပြီး တစ်လကျော် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ပြန်လည် လွှတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် ည ၁၀ နာရီကျော်အချိန်တွင် အင်အား ၃၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သား များက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ ကိုသန့်ဇင်ထွန်းကို နေအိမ်ထိလာရောက်ကာ အကြမ်းဖက် ဖမ်းဆီးခေါ်သွားပြီး တစ်လအကြာထိန်းသိမ်းခံရကြောင်း သိရသည်။

စစ်ကောင်စီ မှ တလကျော်ကြာ ဖမ်းဆီးခံရပြီး ဇူလိုင် (၂၇)ရက်တွင် ပြန်လွှတ်မြောက်လာကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ အစ်ကိုကြီးက ပြန်လွှတ်လာပါပြီ၊ သူ့ကို ဖမ်းသွားတာက တောင်ကြီးမြို့က ဗုံးဖောက်ခွဲမှုတွေမှာ ပါဝင်လှုပ်ဆောင်သူလို့ စွပ်စွဲပြီးဖမ်းသွားတာလေ၊ ထောင်ထဲမှာ တစ်လအကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လွှတ်လာပါတယ်” ဟု ကိုသန့်ဇင်ထွန်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုသန့်ဇင်ထွန်းသည် တောင်ကြီးမြို့ရှိ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး၊ ဖမ်းဆီး ထိန်းသိမ်း ခံရသည့် အစပိုင်းကာလများတွင် စစ်ကောင်စီတပ်သားများ၏ စစ်ဆေးမေးမြန်းမှုများ ကို မကြာခဏ ဖြေကြားပေးခဲ့ ရကြောင်းလည်း သိရသည်။

“စစဖမ်းသွားတုန်းကတော့ စစ်ဆေးမေးမြန်းတာတွေရှိတယ်တဲ့၊ မြို့တွင်းက ဗုံးပေါက်ကွဲမှုတွေကို အဓိက ဦးတည်ပြီး မေးတယ်လို့ အစ်ကိုကြီးက ပြောပါတယ်၊ သူက မလုပ်ရတော့ မလုပ်ရဘူး၊ မသိဘူး ဖြေတယ်၊ တစ်ခါတစ်လေတော့ အရိုက်ခံရပြီးတော့ သူတို့က စစ်မေးတာ ဖြေရတယ်ပြောပါတယ် ” ဟု ကိုသန့်ဇင်ထွန်းနှင့် ဆွေမျိုးတော်ဆပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကာလတစ်လျှောက်လုံးတွင် ကိုသန့်ဇင်ထွန်း အတွက် မိသားစုဝင်များက ထမင်းချိုင့် ပို့ပေးရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းတွင် တောင်ကြီးမြို့တွင်း ဗုံးပေါက်ကွဲမှု နှင့် ဆန္ဒပြမှုများတွင် ပါဝင် သည့် မတရားစွပ်စွဲမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော တခြားသူများလည်း ရှိနေကြောင်း လည်း သိရသည်။

“အစ်ကိုက အစောပိုင်း သူတို့ စစဖမ်းသွားတုန်းကပဲ စစ်ဆေးမေးမြန်းမှုခံရတာပါ၊ တခြားအကျည်းသား တွေကတော့ အစ်ကို့ထက် အများကြီး ခံရတယ်တဲ့၊ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ၊မေးမြန်းပြီး သူတို့ လိုချင်တာ မရရင် ရိုက်နှက် အပြစ်ပေးခံရတာတွေရှိတယ်” ဟု ၎င်းကပြောသည်။

ကိုသန့်ဇင်ထွန်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကာလအတွင်းတွင် တောင်ကြီးမြို့တွင်း ဗုံးပေါက်ကွဲမှု များလည်း ဆက်လက် ရှိနေသည့် အတွက် စွပ်စွဲချက်များကို ဖြေလျော့ပေးပြီး ပြန်လည်လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုသန့်ဇင်ထွန်း ပြန်လည် လွတ်မြောက်လာခြင်းနှင့် ပက်သက်ပြီး ညီမဝမ်းကွဲ တော်စပ်သူ တစ်ဦးက ၎င်း၏ အစ်ကိုဖြစ်သူ ပြန်လည် လွတ်မြောက်လာရသည့် နည်းတူ အခြားသူများကိုလည်း ပြန်လည် လွတ်ပေးစေလို ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖောက်ခွဲရေးအဖွဲ့ထဲ မပါလို့ သူတို့ဘက်က သက်ညှာပေးတဲ့ အနေနဲ့ လွတ်ပေးလိုက်တယ်လို့တော့ ပြောပါ တယ်၊ ဒါပေမယ့် သက်သေမရှိ တာတောင် ၁ လကျော် အဖမ်းခံထားရတာတော့ မဖြစ်သင့်ပါဘူး၊ အပစ်မရှိ တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကိုရပ်တန့်ပေးပါ၊ ဖမ်းဆီးခံရသူတွေကိုလည်း အကုန်လုံးပြန်လွှတ် ပေး စေချင်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် သျှမ်းပြည် မြို့တော် တောင်ကြီးမြို့အတွင်းတွင် စစ်ကောင်စီတို့၏ မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အရပ်သား ပြည်သူ ၂၀၀ နီးပါးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...