မိုင်းငေါ့ စစ်ရှောင်စခန်းတချို့ သောက်ရေ ခက်ခဲမှုရှိနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင်ရှိသော စစ်ရှောင်စခန်းတွင် အစားအသောက်များအပြင် သောက်ရေများပါ ခက်ခဲမှုရှိနေကြောင်း သိရသည်။

“ခုက မိုးရေကိုပဲ အဓိကထားနေရတယ်၊ သောက်ရေ သုံးရေ အားလုံးမိုးရေတွေပဲ၊ ချောင်းရေရှိပေမယ့် ခုချိန် မိုးရွာတော့ ချောင်းရေတက်ပြီး ရေတွေ မသန့်တော့ဘူး၊ စစ်ဘေးရှောင်တွေလိုပဲ ဒေသခံ တွေလည်း ရေအခက်ခဲရှိနေတယ်”ဟု မိုင်းငေါ့စစ်ရှောင်များကို ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုင်းငေါ့မြို့တွင် စစ်ရှောင်စခန်း (၆)ခုခန့်ရှိနေပြီး အခြားကျေးရွာရှိ ဆွေမျိုးအိမ်များနှင့် ကျောက်မဲမြို့ပေါ်တို့တွင်လည်း သွားရောက်နေထိုင်သူများ ရှိနေကြောင်း၊ အများစုမှာ စားဝတ်နေရေးအခက်ခဲများ ဖြစ်နေကြောင်း သိရသည်။

“ကျောက်မဲမြို့ပေါ်မှာ သွားနေတဲ့သူ တချို့က စားဝတ်နေရေးအခက်ခဲဖြစ်နေကြတယ်၊ ဘာအလုပ်မှ မရှိဘူးလေ၊ အဲ့တော့ စစ်ရှောင်စခန်းမှာ ပြန်လာနေဖို့ ပြောလာတယ်၊ ဒါပေမယ့် ဒီမှာက လက်မခံသေးဘူး၊ ကျောက်မဲမှာက ကိုဗစ်တွေ အရမ်းများနေတော့ ကိုဗစ်ပိုးကူးလာမှာ စိုးရိမ်လို့ လက်မခံသေးတာပါ” ဟု အထက်ပါစစ်ဘေးရှောင်ကူညီသူက ပြောသည်။

ကျောက်မဲမြို့ ပုံဝိုးဒေသ နောင်သျှင်၊ ဟဲကွီ စစ်ရှောင်စခန်းမှ စစ်ရှောင်တချို့ နေရပ်ပြန်သွားပေမယ့် အများစုမှာ စစ်ရှောင်စခန်းတွင်သာ ကျန်ရှိနေသေးကြောင်း သိရသည်။

“တချို့ကတော့ နေရပ်ပြန်သွားကြပြီ၊ နောက်နှစ်အတွက် စိုက်ပျိုးရေးပြန်လုပ်ကြတာ၊ ခုကတည်းက မလုပ်ထားရင် နောက်နှစ် စားစရာမရှိတော့ဘူးလေ၊ အဲ့တာကို စိုးရိမ်လို့ ပြန်သွားကြတာပါ” ဟု စစ်ရှောင်များကို ကူညီနေသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်သျှင်၊ ဟဲကွီကျေးရွာဘုန်းကြီးကျောင်းတွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်(၅၀)ကျော်မှာ ကလေးနှင့် သက်ကြီးရွယ်အိုများသာဖြစ်ကြောင်း သိရသည်။

သျှမ်းမြောက် မိုင်းငေါ့မြို့အပါအဝင် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် (၅၀၀)ကျော် ကျန်ရှိနေသေးကြောင်း၊ ယခုချိန်သည် လက်ဖက် ပေါ်ချိန်နှင့် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြရသည့် ရာသီဖြစ်သည့်အတွက် နေရပ်သို့ပြန်ပြီး လုပ်ကိုင်စားသောက်နိုင်ရေး မျှော်လင့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...