Sunday, May 19, 2024

CATEGORY

သတင်း

သျှမ်း၊မြောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်တင်မြောက်ရေးအသိပညာဆွေးနွေးပွဲ သျှမ်းလူမှုအသင်းအဖွဲ့မှ ပြုလုပ်

သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းများစုပေါင်းကာ ရပ်ကျေးအုပ်ချုပ်ရေးရွေးချယ်ရေးနှင့်ပတ်သက်သည့် အသိပညာပို့ချခြင်းသင်တန်းကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ရ ရက်နေ့က လားရှိုးမြို့နယ် တာ့ပုံအုပ်စုရှိ ကော်တိုင်းရုံးတွင် အဆိုပါသင်တန်းပြုလုပ်ရာ စုစုပေါင်းလူဦးရေ ၉၀ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ “ဒီကာလမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်တင်မြှောက်ရေးလုပ်နေတဲ့အချိန်ပေါ့နော်။ ကိုယ့်ရပ်ရွာလူထုအတွက် အကျိုးပြုမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုရွေးချယ်တတ်အောင်အသိပညာပေးရုံပါဘဲ”- ဟု တွေ့ဆုံရေးဖြစ်မြောက်ရေးအတွက်စီစဉ်ဆောင်ရွက်သည့် စိုင်းလိုင်းခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။ သင်တန်းသို့...

တိုင်းရင်းသားဒေသအမျိုးသမီးများ အခွင့်အရေးချိုးဖောက်မှုခံနေရဆဲ တအာင်းအမျိုးသမီးအဖွဲ့ပြော

ဒီမိုကရေစီစနစ်သို့ပြောင်းလဲပြီဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် ဒေသခံအမျုုိးသမီးများအခွင့်အရေး ချိုးဖောက် ခံနေရသည့်ဘဝ မှာ ပြောင်းလဲမှုမရှိသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနကပြောဆိုလိုက်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များ၊အထူးသဖြင့် တပ်မတော်စစ်ကြောင်းလှုပ်ရှားရာဒေသတို့တွင် အမျိုးသမီးများဘဝ လုံခြုံမှုမရှိသေး ကြောင်းနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသေးကြောင်း တအာင်းအမျိုးသမီး မှတ်တမ်းနှင့်သုတေသနဌာနတာဝန်ခံ လွေးပိုးကမေးခြိူဝ်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။ “မြို့နဲ့နီးတဲ့နေရာ သွားရလာရလွယ်ကူတဲ့နေရာဆိုရင် တိုးတက်ပြောင်းလဲမှုက နဲနဲပါးပါးတွေ့ရတယ်ဆို ပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးလက်တောရွာတွေဆိုရင်...

SSPP/SSA အခြေချရာသို့ PSLF/TNLA ၀င်ရောက်မှုကြောင့် နမ္မတူမြို့နယ်အတွင်း ၂ ဘက်တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ် မိုင်းရင်အုပ်စုမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့တို်က်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီဇင်ဘာလ ၅ ရက် ည ၉ နာရီကနေ မနက် ၁ နာရီအထိ TNLA နဲ့ SSPP တို့အကြားတိုက်ပွဲ ၂...

မိုင်းရှူးမြို့ မြောက်ဘက်ခြမ်း လမ်းဖေါက်လုပ်ရေး စီမံကိန်း တပ်မတော်မှ သျှမ်းပြည်နယ်အစိုးရထံ တစုံတရာ ပြောကြားခြင်းမရှိ ဟု သျှမ်းပြည်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးပြော

အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် စစ်ရေးအငြင်းပွားသည့်နယ်မြေ မိုင်းရှူးနယ်အတွင်း ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရ မသိရှိရဘဲ တပ်မတော် ဘက်မှ စီစဉ်နေခြင်းသာဖြစ်သည်ဟု သျှမ်းပြည်နယ် အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ပြောသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ဒီဇင်ဘာ...

နိုင်ငံကူးလက်မှတ် လုပ်ရာမှာ သျှမ်းပြည်သားများ အခက်အခဲ ဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း

သျှမ်းပြည်တွင်း မြို့ကြီးများတချို့တွင် နိုင်ငံကူးလက်မှတ် Passport လျှောက်ထားနိုင်ပြီဟုဆိုသော်လည်း ဒေသခံပြည်သူလူထု လွယ်ကူမြန်ဆန်မှုမရသေးဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသေးကြောင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ ကပြောသည်။ ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ဒုတိယ) နေ့တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ...

မိုင်းရှူးမြို့ ကျေးလက်တခုအတွင်း ညသန်းခေါင် လက်နက်ကြီးကျ ကားတစီးနှင့် အိမ်တလုံးပျက်စီး

လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် မိုင်းအောတ် အုပ်စုတွင် နိုဝင်ဘာလကုန်က ညသန်းခေါင်  ဒေသခံများ အိမ်မောကျနေချိန် လက်နက်ကြီး လက်နက်ငယ်များ  ရွာအတွင်းသို့ ကျလာရာ နေအိမ်တလုံး၊ ကားတစီး ပျက်စီးကာ တရွာလုံး ထိပ်လှန့်ကြသည်ဟု ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၃၀ ရက်က မိုင်းရှူးမြို့အရှေ့မြောက်ဘက်ရှိ မိုင်းအောတ်အုပ်စု ကိန်းတောင်းရွာအတွင်းသို့ ...

နမ္မတူမြို့နယ်တွင် အသက် ၈ နှစ်အရွယ် ခလေး မိဘယာခင်းအတွင်း မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ်မှ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး ၄င်းမိဘပိုင်ယာခင်းအတွင်း ဟင်းရွက်ဆင်းခူးစဉ် မြေမြုပ်မိုင်းနင်းမိကာ သေဆုံးခဲ့ရကြောင်းသိရသည်။ နို၀င်ဘာလ ၂၈ ရက်နေ့က နမ္မတူမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်ကွာ ၀မ့်ဆာလုံအုပ်စု ၀မ့်နားဆန်းရွာ နှင့် ၃ မိုင်ကွာဝေးသော ကောင်းတွယ်ဟောက်တောင်ကုန်းရှိ...

RCSS နှင့် ပတ်သက်၍ အဖမ်းခံရသည့် ဟိုပုံးဒေသခံရွာသားများလွှတ်ပေးရန် အစိုးရအား သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာအုပ်စုမှ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတဦး အပါ အဝင် ဖမ်းဆီးခံရသူများအား ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အစိုးရအား သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တောင်းဆိုလိုက်သည်။ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပတ်သက်ပြီး ၅ လ ကျော်ကြာဖမ်းဆီးခံထားရသည့်...

ကျောက်မဲမြို့ ပေါက်ကွဲမှု အမြောက်တပ် ခြံစည်းရိုး ၁၀ ပေထက်မနည်းပြိုကျ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အခြေစိုက် အမြောက်တပ်ရင်းအမှတ် ၃၅၂ ခြံစည်းရိုးအနီး လားရှိုး – ကျောက်မဲ – မန္တလေးလမ်းမ ပေါ် တွင် ပေါက်ကွဲမှု ယမန်နေ့ညက ဖြစ်ပွားခဲ့သည်။ ၂၀၁၇ ခု နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၅...

တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်တွင် အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ ခမ်းမိုင် ဝိဇာတမွေးနေ့ အလှူပွဲကျင်းပ

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ မထေရ်မြတ် ၏ (၅၃) နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့ တောင်ကြီးမြို့တွင်ကျင်းပသည်။ ဆရာတော်၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ( ၂၅...

Latest news