Thursday, May 2, 2024

မူဆယ်မြို့ ကိုဗစ် ကာကွယ်ဆေးကို ယုံကြည်မှုမရှိသူများနေ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေးကို ယုံကြည့်မှုမရှိသောကြောင့် ပြည်သူတစ်ချို့ ဆေးသွားထိုးသွင်းခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မူဆယ်မြို့တွင် စတင်ထိုးပေးနေသည့် တရုတ်နိုင်ငံထုတ် ကိုဗစ် ၁၉ ကာကွယ်ဆေးသည် ရောဂါမကူးစက်နိုင်ရန် ၅၀ ရာခိုင်းနှုန်သာကာကွယ်နိုင်ကြောင်း၊ ထိုးပေးသည့် ဆေးကို စိတ်ချမှု မရှိသဖြင့် သွားရောက်မထိုးကြောင်း မူဆယ်မြို့ အသက် (၃၅)နှစ် အရွယ်ရှိ ဒေသခံအမျိုးသား တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့တော့ မထိုးတော့ဘူး။ ဘာလို့လဲဆိုတော့သူတို့ဆေးက (၅၀) (၅၀) ဘဲကာကွယ်ပေးတယ်ဆိုတော့ ကျနော်တို့အိမ်မှာနေလဲ အတူတူဘဲ။ ပြီးတော့ ထိုးပေးနေတဲ့သူကလည်း ကြက်ခြေနီကလူတွေများတယ်။ ဆရာဝန်တချို့ကလည်း CDM ဝင်တော့ ကျနော်တို့ စိတ်မချလို့မထိုးတော့တာ။” ဟု မူဆယ်မြို့ ဒေသခံအမျိုးသား တဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ် -၁၉ ကာကွယ်ဆေးကို ဝယ်ယူပြီး နိုင်ငံအနှံရှိပြည်သူများကို ထိုးပေးနေသော်လည်း တစ်ချို့ပြည်သူများက ထိုးရန်အတွက် စိတ်မသန့်သောကြောင့် သွားရောက် ထိုးခြင်းမရှိကြောင်းသိရသည်။

မူဆယ်မြို့တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးကို သြဂုတ်လ ၇ ရက်နေ့မှ စတင်ဆေးထိုးပေးခဲ့ပြီး၊ တစ်ရပ်ကွက်လျှင် လူဦးရေ ၃၀၀ ထိုးပေးမည်ဟု ကြေညာထားသော်လည်း လက်ရှိမှာ တရပ်ကွက်လျှင် လူဦးရေ ၂၆၀သာ ထိုးခွင့်ရမည်ဟု ကြားသိရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသား တဦးကပြောသည်။

“ အရင်ကတစ်ရပ်ကွက်ကို လူဦးရေ ၃၀၀ ထိုးပေးတယ်။ အခုက ၂၆၀ ဘဲထိုးရတယ်။ ကျန်တဲ့ ၄၀ ပျောက်နေတယ်။ ဆေးက ဘယ်ပျောက်နေတာလဲတော့ ကျနော်တို့မသိဘူး။ ပြီးတော့ အခု ကိုဗစ်ဆေးက တစ်ပုလင်းကို ၂ယောက်စာဘဲထိုးလို့ရတော့တယ်” ဟု မူဆယ်မြို့ ဒေသခံအမျိုးသား တဦး ကပြောသည်။

မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၉၀၀ ကျော်ရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article