သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့တွင် အသက် ၅ နှစ် ကလေးငယ်တဦးထံတွင် ကိုဗစ် -၁၉ ပိုးတွေ့ကြောင်း စုံစမ်းသိရှိရသည်။

ကွန်ဟိန်းမြို့တွင် လွန်ခဲ့သည့် သြဂုတ်လ ၅ ရက်နေ့တွင် ၅ နှစ်ကလေးငယ်တဦးနှင့် အသက် ၄၀ ရှိ အမျိုးသမီး တဦးနှင့် အတူ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
“ ၅ ရက်နေ့က ၂ ယောက် ကိုဗစ် ပိုးတွေ့တယ်။ ကလေး ၅ နှစ်နဲ့ အမျိုးသမီးတဦးထံမှာတွေ့တယ်။ အခုတော့ ကလေးနဲ့ အဲအမျိုးသမီးကို ဆေးကုသပေးနေတယ်။ ကလေးလေးရဲ့ ကျန်းမာရေးအခြေနေ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ကွန်ဟိန်းမြို့ ဒေသခံ နန်းခင်စောက ပြောသည်။
ကွန်ဟိန်းမြို့ နှင့် ကာလိမြို့တို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးတွေ့လူနာ စုစုပေါင်း (၇) ဦးရှိပြီး၊ ထိုထဲတွင် ( ၁) ဦးသေဆုံးကြောင်းသိရသည်။
“ ကွန်ဟိန်းမြို့နယ်မှာတော့ ၇ ယောက်ဘဲရှိတယ်။ ကျန်းမာရေးကော်မတီကနေထုတ်ပြန်ချက်အရတော့ ၇ ယောက်ဘဲရှိတယ်။ ကွန်ဟိန်းမှာက ၃ ယောက်နဲ့ ကာလိမှာက ၄ ယောက်ဘဲရှိတယ်” ဟု နန်းခင်စောက ဆိုသည်။
ထိုသို့ ကွန်ဟိန်းမြို့တို့တွင် ကိုဗစ် -၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် မိမိကိုယ်ကိုယ်သာလျှင် အဓိက ကျပြီး၊ အပြင်ထွက်ခြင်း၊ နေအိမ်သို့ ဧည့်သည်လက်ခံခြင်းမပြုလုပ်ရန်လိုအပ်ကြောင်းလည်း ကွန်ဟိန်း ဒေသခံများ က ပြောဆိုလိုက်သည်။











Leave a Comments