နိုင်ငံရေး လှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိသည့် လူငယ် တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီမှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ မြေပြင်တွင် နိုင်ငံရေး လှုပ်ရှားမှု မရှိရုံသာမက ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလည်း နိုင်ငံရေးနှင့် ပက်သက် သော အကြောင်းအရာ တင်ခြင်းများလည်း မရှိသည့်...
တောင်လေးလုံးထောင်ရောက် မတရားဖမ်းခံရသည့်အမျိုးသမီး ယနေ့ထိ အမိန့်မချမှတ်သေး
SHAN -
နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် တောင်လေးလုံးထောင်ရောက်နေသည့် အမျိုးသမီးသည် ရုံးချိန်း (၁၀) ကြိမ်ခန့်တက်ပြီးသော်လည်း အမိန့်ချမှတ်မှု မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသမီးသည် ဆန္̔ဒပြမှုမှာ ပါဝင်ခြင်း မရှိခြင်း၊ နိုင်ငံရေး လှုပ်ရှားသူ မဟုတ်ဘဲ မတ်လက လာရောက်ဖမ်းဆီးသွားပြီး ယနေ့ချိန်ထိ ရုံးချိန်း...
မျှော်လင့်ချက်မဲ့သွားရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား အိမ်ပြန်လမ်းခရီး
SHAN -
ကျနော်တို့အနေနဲ့ လည်း ဘယ်မှာနေမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး။ ဒီမှာပဲ နေမလား ကိုယ့်တိုင်းပြည်ကိုပဲ ပြန်မလား ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး။ စိတ်က ကိုယ့်တိုင်းပြည်ကို ပဲရောက်နေတယ် လို့ အမျိုးသား တစ်ဦး ကပြောပါတယ်။ စစ်အစိုးရ ခေတ်အဆက်ဆက်က ဖွံ့ဖြိုးမှုနောက်ကျပြီး အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ပြည်သူလူထုများသည် ပြည်တွင်းထဲ...
NUG မှ အရေးပေါ်ကြေညာ ပြီးနောက် သျှမ်းပြည် မြို့ကြီး တချို့ စစ်ဆေးမှုများတင်းကြပ်နေ
SHAN -
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယနေ့ (စက်တင်ဘာ ၇)ရက် စစ်အာဏာရှင် ချေမှုန်းရေး အတွက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မှ သျှမ်းပြည်မြို့ကြီး တချို့တွင် စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ၏ စစ်သားနှင့် ရဲများသည် ယနေ့ (စက်တင်ဘာ ၇) ရက်...
ကိုဗစ်-၁၉ မြင့်တက်နေသော်လည်း Mask( နှာခေါင်းစည်း) တပ်ဆင်ခြင်းမရှိ
SHAN -
သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် ၁၉ ကူးစက်ခံရမှု များပြားနေသော်လည်း ပြည်သူများတချို့ mask တပ်ဆင်ပြီး အပြင်သွားလာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် ကူးစက်မှု မလျော့ကျသေးသည့်အတွက် mask ကို စနစ်တကျတပ်ဆင်ပေးပါရန်အတွက် သျှမ်းမြောက် မူဆယ်မြို့ ပရဟိတ အဖွဲ့က ပြောသည်။ “ ဒီမှာက mask မတပ်ဘဲ သွားလာနေတာက...
လွိုင်ကော်မြို့နယ် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ
SHAN -
ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ ၃ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်များစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ်ရှိ ဒေါပိုးစီကျေးရွာတွင် စစ်ကောင်စီတို့သည်...
သီပေါ နမ့်လန်ဒေသ ကိုဗစ်မြင့်တက်သည့်အတွက် Lock down ပြုလုပ်မည်
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ယခု ရက်ပိုင်းအတွင်း Lock down သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ နမ့်လန်ဒေသတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းနေခြင်းကြောင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေတာဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလ (၉)ရက်နေ့မှစပြီး Lock down သတ်မှတ်ထားကြောင်း စုံစမ်းသိရသည်။ “ဒီလ (၉)ရက်နေ့ကစပြီး Lock...
ကျောက်မဲ မန်ခါစစ်ရှောင် (၁၁) ဦး ကိုဗစ် ပိုးတွေ့
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းစစ်ရှောင်စခန်းတွင် စက်တင်ဘာလ (၆)ရက် ယမန်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၁၁)ဦး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် မန်ခါစစ်ရှောင်စခန်းသို့ သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာသူများဖြစ်ပြီး၊ စစ်ရှောင် တွင် (၂၆၀)ကျော်ရှိပြီး ကျန်ရှိသည့် စစ်ဘေးရှောင်များအား ယနေ့တွင် ကိုဗစ်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။ “မနေ့က မန်ခါစစ်ရှောင်စခန်းကနေ (၁၁)ယောက်...
နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသတွင် ရေကြီးသဖြင့် နေအိမ်တစ်အိမ် ပျက်စီးပြီး တစ်ချို့နေအိမ်မှာ တစ်ခြားနေရာသို့ ပြောင်းရွေ့ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၇) ရက်တွင် နမ့်လန်မြို့ရှိ အနိမ့်ပိုင်း ရပ်ကွက် တစ်ချို့ နှင့် ကျေးရွာ တစ်ချို့ ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။ “သုံးနှစ်လုံးလုံး...
သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား
SHAN -
သျှမ်းပြည်တဝှမ်း ကိုဗစ် -၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက်ပိုများပြား လာကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။ “ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။...





