မျှော်လင့်ချက်မဲ့သွားရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား အိမ်ပြန်လမ်းခရီး

ကျနော်တို့အနေနဲ့ လည်း ဘယ်မှာနေမယ်ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး။ ဒီမှာပဲ နေမလား ကိုယ့်တိုင်းပြည်ကိုပဲ ပြန်မလား ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး။ စိတ်က ကိုယ့်တိုင်းပြည်ကို ပဲရောက်နေတယ် လို့ အမျိုးသား တစ်ဦး ကပြောပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမား

စစ်အစိုးရ ခေတ်အဆက်ဆက်က ဖွံ့ဖြိုးမှုနောက်ကျပြီး အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ပြည်သူလူထုများသည် ပြည်တွင်းထဲ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့်အတွက် မိသားစု စားဝတ်နေရေး ဖြေရှင်းရန်အတွက် အိမ်နီးချင်းနိုင်ငံသို့ ထွက်ခွာပြီး အလုပ်ထွက်လုပ်ရပါတယ်။

ခေတ်အဆက်ဆက်က အုပ်ချုပ်လာသည့် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ အများအပြားမရှိခြင်း ကုန်ကြမ်းများ ရှိပေမယ့် ဈေးကွက်မရှိခြင်း ၊ ကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် အစိုးရမှ အခွင့်အလမ်းရှာဖွေပေးမှု အားနည်းခြင်း စသည့် ပြသာနာပေါင်းစုံ အခက်ခဲပေါင်းစုံ နဲ့ တောင်သူ လယ်သမားများ အခြေခံ လူတန်းစားများ အခက်ခဲပေါင်းစုံ ကြုံတွေ့ခဲ့ရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း များရှာဖွေရန်အတွက် အများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ကြပါတယ်။

ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း မရှိသည့်အတွက် ဘွဲ့ရကျောင်းပြီးသည့် ကျောင်းသား လူငယ်များ ပညာရေးကို ဆုံးအောင် မသင်ကြားနိုင်ပဲ ပြည်ပနိုင်ငံသို့ ပွဲစားမှ တစ်ဆင့် ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။

ဦးနေဝင်း စစ်အစိုးရ လက်ထပ်တွင် ပြည်ပနိုင်ငံသို့ လူကုန်ကူးမှုများစွာရှိခဲ့ပါတယ်။ ထိုအထဲမှာ ထိုင်းနိုင်ငံ သို့ အလုပ်လာလုပ်ရန်အတွက် ပွဲစားမှ တဆင့် အမျိုးသမီးငယ်များကို မျှားခေါ်ပြီး လူကုန်ကူးမှု ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။

“ကျမတို့ ဒီထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာတုန်းက ပွဲစားက ကျမကို ခေါ်လာပြီး ပြည့်တန်ဆာ လုပ်ရင် ငွေအများကြီးရတယ်။ ဆိုပြီး ပြောတာရှိတယ်။ ဒါပေမယ့် ကျမတို့က လက်မခံခဲ့ဘူး။” ဟု ရွေ့ပြောင်းအလုပ်သမား အမျိုးသမီး နန်းငယ် ကပြောပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမား

ထိုင်းနိုင်ငံမှာ နှစ်ပေါင်း (၂၀) ကျော် အလုပ်လုပ်လာတဲ့ ထို အမျိုးသမီးမှာ ယောကျာ်း နဲ့ အသက် (၂၀) သမီး တစ်ယောက်ရှိခဲ့ပါတယ်။

“ကျမ မှာ အမျိုးသားလည်းရှိတယ်။ ပြည့်တန်ဆာ လုပ်ဖို့အတွက် လာတာမဟုတ်ဘူးလေ။ အဲ့လိုနဲ့ ထိုင်းမှာ ကြုံရာ အလုပ်ကို ရှာဖွေ လုပ်ရတာပေါ့။” ဟု ၎င်းအမျိုးသမီး ကပြောပါတယ်။
အသက် (၄၀) ကျော် အရွယ်ရှိပြီဖြစ်တဲ့ အဲ့ဒီ အမျိုးသမီးဟာဆိုရင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ အလုပ်လာလုပ်တာ နှစ်ပေါင်း (၂၅) နှစ်ကျော်ရှိနေပြီဖြစ်ပေမယ့် မွေးရပ်မြေ ဇာတိဖြစ်တဲ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ နေအိမ်ကို ယခုထက်တိုင် ပြန်ချင်နေသေးကြောင်း ပြောပါတယ်။

NLD အစိုးရ လက်ထက်မှာတော့ မျှော်လင့်ချက် ရောင်နီသမ်းလာခဲ့တယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင်စားဖို့ အခြေအနေကောင်းတွေ ရှိလာတယ်လို့ ကြားလာရပြီး အိမ်ပြန်ဖို့ ပြင်ဆင်ခဲ့ပါတော့တယ်။

အိမ်ပြန်ရန်အတွက် (၂၅) နှစ်ကျော် ရှာဖွေ စုဆောင်းထားသည့် ငွေများကို အိမ်ဝိုင်းလေးဝယ်ပြီး ပြန်နေရန် ပြင်ဆင်နေချိန်မှာပဲ မြန်မာနိုင်ငံသည် စစ်အစိုးရ လက်ထဲသို့ တစ်ဖန် ပြန်လည် ကျရောက်ခဲ့သည့်အတွက် သူမ အတွက်တော့ ဇာတိမြေ ပြန်ဖို့ မျှော်လင့်ချက်များ ပျက်စီးသွားခဲ့ပါတော့တယ်။

“ကျမတို့လဲ ပြန်ဖို့အတွက် စီစဉ်ထားတယ်။ ဒါပေမယ့် ဒီလို အခြေနေတော့ မပြန်ချင်သေးဘူး။ အရင်ခေတ်လိုပုံစံမျိုး ရှာဖွေ စားသောက်ဖို့ ခက်ခဲမှာကြောက်တယ်။ ဒီမှာပဲ နေသွားအုံးမယ်” ဟု နန်းငယ် ကပြောပါတယ်။

သူဟာ အခု လုပ်နေတဲ့ အိမ်ဖော်အလုပ်မလုပ်ခင်က တောင်ပေါ် ဒေသတစ်မှာ ခြံလုပ်ငန်းများ သွားရောက် လုပ်ကိုင်ခဲ့ရတယ်လို့လဲ ပြောပါတယ်။

အဲဒီ အမျိုးသမီးလိုပဲ ထိုင်းနိုင်ငံ ချင်းမိုင်မှာ (၁၅) နှစ်ခန့်ရောက်ရှိလာပြီဖြစ်တဲ့ အမျိုးသား တစ်ဦးကလည်း နေအိမ်သို့ ပြန်ချင်နေသေးကြောင်း ပြောပါတယ်။

“ပြန်နေချင်တာပေါ့။ ကိုယ့်မွေးရပ်ဇာတိမြေကို ခေတ်ကာလ ကောင်းတုန်းက ကျနော့် ဒီက ကားရောင်းပြီး သျှမ်းပြည် တောင်ကြီးက ကျနော်တို့ မိသားစု ဝယ်ထားတဲ့ အိမ်ဝိုင်းမှာ နေအိမ်ပြန်ဆောက်ပြီး နေတော့မလို့ပဲ။ ကံကောင်းတယ်လို့ ပြောလို့ရတယ် ကျနော်ကားက ရောင်းမထွက်တော့ မပြန်ဖြစ်သေး” ဟု အသက် (၄၅) ဝန်းကျင်ရှိ အမျိုးသား တစ်ဦးကပြောပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမား

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်သည် သျှမ်းပြည်တွင်း အများဆုံး ကြက်သွန်ဖြူ စိုက်ပျိုးပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့တယ်။ ဒါပေမယ့် ခေတ်ကာလ မကောင်းသဖြင့် တောင်သူလယ်သမားများအတွက် ဈေးကွက်မရှိခြင်း၊ စိုက်ပျိုးပြီး ထွက်လာသည့် ကုန်ကြမ်းများကို ကောင်းမွန်သည့် ဈေးကွက်မရှိသည့်အတွက် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်ရကြောင်း အသက် (၄၃) နှစ်ရှိ မိုင်းပန်ဒေသခံ အမျိုးသား တစ်ဦးကပြောပါတယ်။

“ကျနော်တို့ ဒေသမှာ ရှာဖွေစားသောက်ဖို့ ခက်ခဲတယ်။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတယ်။ ရှာစားလို့ခက်လို့ ထိုင်းကို လာတာ။ ကိုယ့်မြို့မှာ ဘာစိုက်စိုက် ပြန်ရောင်းဖို့ ခက်တယ်။ ပြန်ရောင်းမယ့် နေရာမရှိဘူး။ ကြက်သွန်ဖြူတွေ ပဲပုတ်တွေ စိုက်တယ်။ ဒီမှာက အလုပ်နေ့တိုင်းလုပ်ရတယ်။ ဝမ်းရေးအတွက် တစ်နေ့တာ ဖြေရှင်းလို့ရတယ်” ဟု အသက် (၄၃) နှစ်အရွယ် ရှိ မိုင်းပန်ဒေသခံ အမျိုးသား တစ်ဦး ကပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဟော်တယ် အပန်းဖြေ စခန်းတစ်ခုမှာ ခြံသန့်ရှင်းရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ထိုအပန်းဖြေစခန်းမှာ လုပ်သက် (၂၁) နှစ်ကျော်ရှိကာ သူဌေး နဲ့ လည်း ရင်းနှီးမှု ရှိပေမယ့် မွေးရပ်မြေ ဇာတိ သို့ ပြန်ချင်နေသေးကြောင်း ပြောပါတယ်။

“သူများနဲ့ လာနေတယ်ဆိုတော့ သူများခိုင်းတာ လုပ်ရတယ်။ သူများပေးသလောက် ပဲရတယ်။ အများကြီးမရပေမယ့် မိသားစု စားဝတ်နေရေးအတွက်တော့ ပြေလည်သွားတယ်။ ကိုယ့်မြို့မှာနေရင်တော့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်တာ မလောက်ဘူး” ဟု ၎င်း အမျိုးသား ကပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ အခြေတကျ ဖြစ်နေသည့်တိုင် အိမ်ပြန်ချင်သေးတယ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေက ပြောကြပါတယ်။

စိုင်းတာကတော့ ထိုင်းမှာ အလုပ်လာလုပ်တာ (၂၅) နှစ် ဝန်းကျင် ရှိခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမားများ နှစ်ပေါင်းများစွာ လာရောက် နေထိုင်ပေမယ့် ထိုင်းနိုင်ငံသား ကဒ် အခွင့်အလမ်း ရဖို့ နည်းပါးပြီး ထိုင်းနိုင်ငံသား မဖြစ်လျှင် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြောင်း သတ်မှတ်ထားသည့် ဥပဒေ ရှိသည့်အတွက် ဇာတိမြေ မိမိတိုင်းပြည်သာ ပြန်လည် အခြေချချင်တယ်လို့ ပြောပါတယ်။

“သူများ တိုင်းပြည်မှာ အသက်ကြီးလာရင် ရှာစားရတာခက်တယ်။ ဒီနိုင်ငံမှာ မြေကွက်ဝယ်ပြီး အိမ်လုပ်မယ်ဆိုရင်လည်း ကိုယ့်က နိုင်ငံသားမဟုတ်ဘူး။ ခက်တယ်။ ပတ်စပိုစ့်တွေ လုပ်ရ သက်တမ်းတိုးရ အသက်ကြီးလာရင် ဒီလိုတွေ မလုပ်ချင်တော့ဘူး။ ကိုယ့်တိုင်းပြည်မှာ ပြန်နေရင် ဘာမှ ပူစရာမလိုတော့ဘူး။ ဒါပေမယ့် ခုချိန်ထိတော့ မပြန်နိုင်သေးဘူး” စိုင်းတ ကပြောပါတယ်။

မြန်မာရွေ့ပြောင်းအလုပ်သမား

ဘယ်တိုင်းပြည်ပဲ နေနေ မနက်မိုင်းလင်း ကနေ မိုးချုပ် အလုပ်လုပ်ရလျှင် မိသားစု စားဝတ်နေရေးအတွက် အခက်ခဲမရှိပေမယ့် မိမိတိုင်းပြည် ပြန်နေပြီး အလုပ်လုပ်ရလျှင် ပိုမို ကောင်းမွန်ကြောင်း ပြောပါတယ်။

“ဦးတည်ချက် ကတော့ ကိုယ့်တိုင်းပြည်ပဲ ပြန်နေမယ်။ အသက်က တစ်ရက်တစ်ရက်ကြီးလာပြီ။ ဒီလိုလဲ မနေသွားချင်ဘူး။ ကိုယ့်တိုင်းပြည်မှာ ပြန်နေရင် အိမ်လည်းရှိတယ်။ လယ်တွေလည်းရှိတယ်။ အသက်ကြီးလာရင်လွယ်တယ်” ဟု အသက် (၄၃) နှစ်အရွယ် စိုင်းတ ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းများရှိပြီး အရပ်သား အစိုးရဖြစ်လျှင် မွေးရပ်မြေ ဇာတိကို ပြန်လည် အခြေချချင်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်ကြပါတယ်။

“သူများမြို့ရွာနေတယ်ဆိုတာ ကိုယ့်ဒေသလိုမှ မဟုတ်တာ။ အလုပ်ပေါ်မူတည်တယ်။ ကိုယ့်ဒေသမှာ အလုပ်ကောင်းရင် ပြန်လုပ်ချင်တာပေါ့နော်။ ဒါပေမယ့် ခုလက်ရှိ စစ်တပ်က အာဏာသိမ်းထားတယ်ဆိုတော့ မပြန်ချင်သေးဘူး။ ပြန်ရင်လည်း ရှုပ်မှာကြောက်တယ်။ ရှာစားရမှာ ခက်တယ်။ နိုင်ငံရေးအခြေနေပြန်ကောင်းရင်တော့ စိုက်ပျိုးရေးတွေ ပြန်လုပ်ချင်တယ်” ဟု စိုင်းတ ကပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...