နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသတွင် ရေကြီးသဖြင့် နေအိမ်တစ်အိမ် ပျက်စီးပြီး တစ်ချို့နေအိမ်မှာ တစ်ခြားနေရာသို့ ပြောင်းရွေ့ရကြောင်း စုံစမ်းသိရှိရသည်။

နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

ယနေ့ စက်တင်ဘာ (၇) ရက်တွင် နမ့်လန်မြို့ရှိ အနိမ့်ပိုင်း ရပ်ကွက် တစ်ချို့ နှင့် ကျေးရွာ တစ်ချို့ ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

“သုံးနှစ်လုံးလုံး ဒီလိုဖြစ်တယ်။ ဒီနှစ်က ပိုဆိုးနေတယ်။ ကျမတို့ အိမ်မှာ အနည်းငယ် ထိသွားတယ။် ခြံစည်းရိုးတွေ ထိသွားတာ ” ဟု ပန်ဟိုက် ရပ်ကွက် ဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

လက်ရှိ (၁၀) နာရီချိန်ထိ ရေကြီးနေပြီး ပန်ဟိုက်ရပ်ကွက်က ဒေသခံ တစ်ချို့ ပစ္စည်းများကို တခြားရပ်ကွက်သို့ ပြောင်းရွေ့နေကြောင်း သိရသည်။

“မိုး ၂ ရက်ဆက်တိုက် ရွာသွန်းသဖြင့် အနိမ့်ပိုင်းဒေသမှာ ရေကြီး။ တောင်ကျရေတွေ ချောင်းတွေ က လာတဲ့ ရေတွေဖြစ်တယ်။ ရပ်ကွက်ထဲကပဲဖြစ်တယ်။ နိမ့်တဲ့အပိုင်းတွေ ရေကြီးတာ” ဟု နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

မိုးရွာသွန်းမှုကြောင့် နမ့်လန်မြို့ရှိ ပန်ဟိုက်ရပ်ကွက်၊ ကောင်းလန်းရပ်ကွက် နှင့် နမ့်လုတ်ကျေးရွာ တို့သည် ရေကြီးမှုဒဏ် ခံရသည်။

နမ့်လန်ဒေသသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တုန်းကလည်း မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီးမှုဒဏ် ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...