CATEGORY

သတင်း

တိုင်းရင်းသားတပ် တိုက်ပွဲကြောင့် ဟူးကွက် ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာတွင် သျှမ်းပြည် ပြန်လည်ထူထောင်‌ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု (TNLA,SSPP/SSA)တို့ တိုက်ပွဲကြောင့် ဟူးကွက်ကျေးရွာ‌ဒေသခံ (၂)ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဟူးကွက်ကျေးရွာတွင် ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်)တိုက်ပွဲတွင် လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှုကြောင့် အသက် (၆၀)ကျော်...

ဖယ်ခုံမြို့ စကစ လက်နက်ရမ်းသမ်းပစ် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

သျှမ်းတောင် ဖယ်ခုံအခြေစိုက် ဖယ်ခုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၃၆ သည် ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်များဖြင့် ရမ်သမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ “ည ၉ နာရီခွဲလောက်မှာ...

ညောင်ရွှေမြို့နယ် ကျေးရွာများ မီတာခ မဆောင်၊ ရွာလုံးကျွတ် မီးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ကျေးရွာများ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မီတာခ မဆောင်သဖြင့် ရွာလုံးကျွတ် မီးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် မီးဖြတ်ခံထားရသည့် ကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက ပိုက်ဆံသိန်း ၃၀ ပြန်လည်ပေးသွင်းပါက မီးပြန်ပေးမည်ဟု လာရောက်ညှိနှိုင်းကြောင်း မီးဖြတ်ခံထားရသည့် ညောင်ဖြူကျေးရွာမှ ရွာသားတစ်ဦးက...

သျှမ်းမြောက် တိုင်းရင်းသားတပ်တွေ ဘာကြောင့် အမုန်းမီး တောက်နေလဲ

“အိမ်ကို အရမ်း ပြန်ချင်နေပြီ။ ဒါပေမယ့် ဘယ်ချိန်မှ ပြန်ရမယ်ဆိုတာကိုတောင် မစဉ်းစားရဲတဲ့ အနေအထားဖြစ်နေတယ်။ တကယ်လို့ အိမ်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ဘယ်လိုရှာဖွေ စားသောက်ရမှာလဲ မသိတော့ဘူး” လို့ ကျောက်မဲစစ်ရှောင်စခန်းမှာ ရောက်နေတဲ့ နန်းမွေ က ပြောပါတယ်။ နန်းမွေ နေထိုင်တဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျေးရွာအနီးမှာ...

တန့်ယန်းမြို့နယ် MNDAA မှ တပ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ နောင်လန်ကျေးရွာအုပ်စု ကုန်းကော်ရွာတွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စစ်သားသစ်နှင့် အမျိုးသမီးများကို တောင်းခံမှု ပြုလုပ်နေသဖြင့် ကုန်းကော်ရွာခံများက တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် MNDAA တို့သည် ကုန်းကော်ကျေးရွာမှ ရွာလူကြီးထံသို့ တပ်သားသစ်အတွက်...

ကျောက်မဲမြို့နယ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS နှင့် တပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် များလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံနေကြကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် ယခုလအစောပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း ယမန်နေ့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်တွင် ပန်ဟုန်း၊ ဟူးကွက်၊ ဟူးဆွန်ကျေးရွာအနီးတဝိုက်...

မိုင်းပွန်မြို့တွင် စော်ဘွားကြီးစဝ်စံထွန်းရုပ်ထု စိုက်ထူ

သျှမ်းပြည်တောင်ပိုင်း လွိုင်ခင်ခရိုင် မိုင်းပွန်မြို့တွင် မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ ရုပ်ထုကို ယနေ့ အောက်တိုဘာ (၂၀)ရက်၌ စိုက်ထူခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ရုပ်ထုသည် အမြင့်ပေ ၉ ပေ ၃ လက်မ ရှိပြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ ရုပ်ထုကို ဟော်နန်းရှေ့ရှိ ကျောက်တိုင်ကွင်းတွင် စိုက်ထူထားကြောင်း သိရသည်။ “သမိုင်းမပပျောက်ရေး...

ဖမ်းဆီးခံထားရသည့် သျှမ်းပြည်မှ သတင်းသမား ၁ ဦးသာ ပြန်လွတ်လာ

သျှမ်းပြည် အတွင်းမှ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ခံထားရသည့် သတင်းသမားများ၊ ဓါတ်ပုံသတင်းထောက်များအနက်မှ ၁ ဦးတည်းသာ ပြန်လည် လွတ်လာကြောင်း သတင်းသိရသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးရှိ အကျဥ်းထောင်များမှ အကျဥ်းသားများ ၅၀၀၀ ကျော်ကို လွတ်ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ကြေညာပြီးနောက်တွင် ဖမ်းဆီးခံထားရသည့်...

အန္တရာယ် နှစ်ထပ်ကွမ်းနဲ့ စစ်ရှောင်စခန်းက မီးနေသည်များ

ကွင်းပြင်ကျယ်ကျယ်ထဲက (၁၀)ပေလောက်ပဲ ကျယ်ဝန်းတဲ့ အခန်းလေး ဟာ ရုတ်တရက်ဆိုလျှင် တောင်ယာထဲက အထီးကျန်တဲ့ တဲအိုလေးပါပဲ။ ဝါးလုံးနဲ့ တိုင်ထောင်၊ တန်းထိုးပြီး သက်ကယ်နဲ့ မိုး၊ သက်ကယ်နဲ့ ကာ၊ နှီးနဲ့သာ ချည်နှောင်ထားတဲ့ အဲဒီတဲလေးက လေပြင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာရင် တစ်စစီ လွင့်ပါသွားတော့မဲ့ အနေအထားပါ။ အဝင်တံခါးနေရာမှာတော့ မိုးကာအစိမ်းရောင်က...

တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...

Latest news