မိုင်းပွန်မြို့တွင် စော်ဘွားကြီးစဝ်စံထွန်းရုပ်ထု စိုက်ထူ

0

သျှမ်းပြည်တောင်ပိုင်း လွိုင်ခင်ခရိုင် မိုင်းပွန်မြို့တွင် မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ ရုပ်ထုကို ယနေ့ အောက်တိုဘာ (၂၀)ရက်၌ စိုက်ထူခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ရုပ်ထုသည် အမြင့်ပေ ၉ ပေ ၃ လက်မ ရှိပြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ ရုပ်ထုကို ဟော်နန်းရှေ့ရှိ ကျောက်တိုင်ကွင်းတွင် စိုက်ထူထားကြောင်း သိရသည်။

“သမိုင်းမပပျောက်ရေး နဲ့ အများပြည်သူတွေ စော်ဘွားရဲ့ သမိုင်းကြောင်း လေ့လာနိုင်ရေး အတွက် စိုက်ထူခဲ့ခြင်းဖြစ်ပါတယ်” ဟု မိုင်းပွန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

NLD အစိုးရလက်ထက်က သျှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ဦးဆောင်ပြီး သံဃာတော်များ မိုင်းပွန်ဒေသခံများက စုပေါင်း ပြုလုပ်ကြကြောင်း ရုပ်ထု ဖြစ်မြောက်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

“ဝန်ကြီး ဦးစွံဆိုင်း ဦးဆောင်ပြီးလုပ်တယ်။ ငွေကြေးပိုင်းလည်း သူတို့ပဲ တာဝန်ယူပြီး အားလုံးလုပ်ပေးတယ်။ ကျပ်သိန်း (၁၈၀) ကုန်ကျတယ် ” ဟု ၎င်းကပြောသည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်းဟာ ဇူလိုင် (၁၉) ရက်နေ့မှာ ကျဆုံးခဲ့သည့် အာဇာနည် (၉ ) ဦးထဲက တစ်ဦး အပါအဝင် ဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်တွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းပြု ပြည်ပြုကိစ္စရပ်များ ဆွေးနွေးနေစဉ် ဂဠုန် ဦးစော၏ အပေါင်းအပါ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရသည်။

ထိုချိန်မှာ စော်ဘွားကြီး စဝ်စံထွန်းက ပခုံးမှာ ဒဏ်ရာ (၂) ချက်သာ ရရှိခဲ့ပြီး အခြေနေ မစိုးရိမ်ရ လူနာ အဖြစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး ဇူလိုင် (၂၀) ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကွန်လွန်သွားခဲ့ပြီး စော်ဘွားကြီး ကွယ်လွန်ချိန်တွင် အသက် (၄၀) သာ ရှိသေးကြောင်း သိရှိရသည်။

Leave a Comments