Tuesday, April 30, 2024

မိုင်းပွန်မြို့ အဝင်အထွက် ညဖြတ်သန်းခွင့်မပြု

Must read

သျှမ်းပြည် မိုင်းပွန်မြို့ ဂိတ်အဝင်အထွက်ကို စစ်ကောင်စီက ညအချိန်ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။

မိုင်းပွန် မြို့ဆိုင်းဘုတ်

သျှမ်းပြည် မိုင်းပွန်မြို့ ဂိတ်အဝင်အထွက်ကို စစ်ကောင်စီက မတ်လ ၁ရက်မှ စတင်ပြီး လမ်းများပြန်ဖွင့်ပေးသော်လည်း ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် ဂိတ်က မနက် ၆ နာရီမှ ဖွင့်ပေးတာ ညဆိုရင်လည်း ၆ နာရီဆိုရင် သူတို့က ပိတ်တယ်။ ဒီလမ်းတွေ ပြန်ဖွင့် လာတဲ့နောက်ပိုင်းမှာ သူတို့ အခုလို ည ၆ နာရီကနေ မနက် ၆ နာရီထိ ပေးမဖြတ်ဘူး လို့တော့ ပြောထားတာပေါ့။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်းတောင်ကြောတွင်လည်း ပြီးခဲ့သည့် (မတ်လ ၁၀ ရက်)တွင် စစ်ကောင်စီနှင့် PNLA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ၁၂၄ ကြိမ်ခန့် ပစ်ခတ်ခဲ့ကာ မီး‌လောင်ဗုံးများပါ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ပင်ချမ်းကျေးရွာတွင် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆီဆိုင်၊ဟိုပုံး၊လွိုင်လင်ဒေသရှိ တိုက်ပွဲများကြောင့် အဆောက်အုံပျက်စီးမှု ၁၉၆ လုံးရှိပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၉၂၇၈ ဦးနှင့် သေဆုံးသူ ၄၉ ဦးအထိရှိနေကြောင်း Pa-o youth Organization မှ ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article