ကျောက်မဲ ဟိုင်းပုကျေးရွာထိ တပ်ပေါင်းစု ရောက်လာ ဒေသခံများ ထိတ်လန့်ထွက်ပြေး
သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းအနီးရှိ ဟိုင်းပုကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၉)ရက် မနက်ပိုင်းတွင် တပ်ပေါင်းစု အင်အား (၁၀၀)ခန့် ရောက်ရှိလာသဖြင့် ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဟိုင်းပု ကျေးရွာအတွင်း တပ်ပေါင်းစုတို့ ရောက်ရှိလာပြီးနောက် ဟိုင်းပုဒေသခံ အပါအဝင် အနီးကပ်လျက်ရွာမှ ဒေသခံများလည်း...
မုံးကိုးမြို့နယ် ခြံသွားကြည့်သည့် အမျိုးသားကို စစ်ကောင်စီက ပစ်သတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် ခြံသွားကြည့်သည့်အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မုံးကိုးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မြို့ပြင်တွင် ရှိသည့် ၎င်း၏ခြံကို သွားကြည့်ရာ လမ်းတွင် စစ်ကောင်စီတို့နှင့်...
ဖယ်ခုံမြို့နယ် အရပ်သား (၆)ဦးကို စစ်ကောင်စီက PDF နှင့်ပတ်သက်သူဟု စွတ်စွဲပြီး ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် အရပ်သား (၆)ဦးကို စစ်ကောင်စီတပ်ဖွဲ့က PDF နှင့် ပတ်သက်သူဟု စွတ်စွဲပြီး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ (၈)ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဆိုင်ကယ်သွားပြင်သည့် လူငယ် (၂)ဦးကို စစ်ကောင်စီက စစ်ဆေးပြီးနောက် နေအိမ်တွင်...
ချင်းမိုင်ရောက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကယ်ဆေးထိုးပေး
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာခဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ် ၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို အစိုးရဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်မရှိသူများလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများက ဝင်ရောက်ညှိနှိုင်းပေးပြီး ဆေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
သိန္နီ – နမ့်စလပ်ကြား ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီ - နမ့်စလပ်ကြား လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာ ၈)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် သိန္နီမြို့ နှင့် နမ့်စလပ်ကြား လမ်းမကြီးတွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ပွဲချင်ပြီး...
ဝက်ခြံ၊ ထော်လဂျီပေါ် ဖြစ်သလို နေထိုင်တဲ့ မိုင်းကိုင်စစ်ရှောင်များ
SHAN -
(၁) မိုင်းကိုင်မြို့ ကနေ နာရီဝက်ခန့် ဆိုင်ကယ်နဲ့ သွားပါရင် ဖြစ်သလို နေထိုင်နေရတဲ့ လူတစ်စုကို တွေ့ရမှာပါ။ ထော်လဂျီပေါ် ပလပ်စတစ် ရွက်ဖျင်တဲ နဲ့ နေတဲ့သူကနေ၊ ဝက်ခြံတဲပေါ် ပလပ်စတစ် ရွက်ဖျင်ထိုးပြီး နေတဲ့သူကနေ ပါပဲ။ အဲဒီနေရာကတော့ မိုင်းကိုင်မြို့နယ် ပန်ကေတု ကျေးရွာအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေပါပဲ။ စစ်ရှောင်စခန်းကို...
ကလောမြို့နယ် ပုဒ်မ ၁၄၄ ထုတ်ပြန်၊ ပြည်သူများစိုးရိမ်နေ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အတွင်း ယမန်နေ့ (နိုဝင်ဘာ ၄)ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည့် အတွက် ဒေသခံများ စိုးရိမ်ပူပန်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲပါ ကြေညာချက်တွင် တောင်ကြီးခရိုင်၊ ကလောမြို့နယ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ...
ဖယ်ခုံမြို့နယ် စစ်ကောင်စီနှင့် PDF တိုက်ပွဲ ဆက်ဖြစ် စစ်ကောင်စီ သေဆုံးမှုရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု စက်တော်ကျေးရွာတဝိုက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ (နိုဝင်ဘာ ၅ ရက်) မနက် ၈ နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၅)ဦးခန့် ထိခိုက်...
လားရှိုးမြို့နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များကို စစ်ကောင်စီက စစ်ဆေးပြီး သိမ်းယူ
SHAN -
သျှမ်းပြည်တောင်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီမှ လိုင်စင်မဲ့ ယာဉ်(ဆိုင်ကယ်၊ ကား)များကို စစ်ဆေးပြီး သိမ်းယူနေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ တပ်သားတို့က နိုဝင်ဘာ ၃ ရက်မှစပြီး လိုင်စင်မဲ့ ယာဉ်များကို စစ်ဆေးပြီး ဆိုင်ကယ်သိမ်းယူမှုနှင့် ငွေကြေးတောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “လိုင်စင်တွေ၊ ဆိုင်ကယ်ဦးထုပ်တွေစစ်တယ်။ ယာဉ်လိုင်စင်တွေလည်း...
တောင်ကြီး EPC ရုံး အနီး အသံဗုံးပေါက်ကွဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနီးတွင် ယနေ့ (နိုဝင်ဘာ ၅)ရက် မနက် ၁၀နာရီဝန်းကျင်တွှု် အသံဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ “ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေတော့ မကြားရဘူး။ အသံဗုံးလို့တော့ ပြောကြတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ စစ်ကောင်စီ၏ အထောက်အပံ့...





