ကလောမြို့နယ် ပုဒ်မ ၁၄၄ ထုတ်ပြန်၊ ပြည်သူများစိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အတွင်း ယမန်နေ့ (နိုဝင်ဘာ ၄)ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည့် အတွက် ဒေသခံများ စိုးရိမ်ပူပန်နေကြကြောင်း စုံစမ်းသိရသည်။

ပုဒ်

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲပါ ကြေညာချက်တွင် တောင်ကြီးခရိုင်၊ ကလောမြို့နယ်အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်သည့်အတွက် အဖမ်းအဆီးကြမ်းလာမည်ကို စိုးရိမ်ရကြောင်း ကလောမြို့ ဒေသခံ တစ်ဦးက ပြောသည်။

“နဂိုကတည်းက နယ်မြေလုံခြုံမှုမရှိတဲ့ ကျနော်တို့ကလောမှာသွားရေးလာရေးကအစ ကျနော်တို့ သတိထားပြီး သွားရတယ်၊ အခု ၁၄၄ ထုတ်လိုက်တော့ စစ်ကောင်စီကလွဲရင် ကျနော်တို့ ပြည်သူတွေ အခွင့်အရေးတွေဆုံးရှုံးရတယ်။ အဖမ်းအဆီးတွေလည်းများလာနိုင်တယ် ” ဟု ကလောမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလောမြို့နယ်အတွင်းတွင် ထုတ်ပြန်လိုက်သည့် ပုဒ်မ ၁၄၄ သည် လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်း၊ ဟောပြော ခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒ ပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများကို မပြုလုပ်ရန်တားမြစ်သည်ဟုလည်း အမိန့်စာတွင် ပါရှိသည်။

“ကျနော်တို့ မြို့မှာက စစ်ကောင်စီက လူလိုက်ဖမ်းတာ နေ့တိုင်းလိုလိုရှိနေတယ်၊ အရင်ကလည်း ညမထွက်ရ အမိန့်တွေရှိနေပြီးသားဆိုတော့ မသိရဘဲနဲ့ အဖမ်းခံရတဲ့သူတွေလည်းရှိတယ်၊ အခုကလည် ပုဒ်မ ၁၄၄ ထပ်ထုတ် တာဆိုတော့ ပြည်သူတွေပိုပြီး အပြင်မထွက်အောင်ရဲအောင် ခြောက်နေတယ်လို့ ကျနော်မြင်တယ်” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက် ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူများ သွားလာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရဟု ထည့်သွင်းရေးသားထားသည်။

ယခုရက်ပိုင်းအတွင်း ကလောမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို စစ်ကောင်စီတို့မှ အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခြင်းများ ပြလုပ်နေသည့် အတွက် နံနက်ပိုင်းအချိန်နှင့် နေ့ခင်းပိုင်းအချိန်မှ လွဲရင် အပြင်ထွက်သူ မရှိသလောက် မြို့ကြီးက ငြိမ်သက်နေကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...