ဝက်ခြံ၊ ထော်လဂျီပေါ် ဖြစ်သလို နေထိုင်တဲ့ မိုင်းကိုင်စစ်ရှောင်များ

(၁) မိုင်းကိုင်မြို့ ကနေ နာရီဝက်ခန့် ဆိုင်ကယ်နဲ့ သွားပါရင် ဖြစ်သလို နေထိုင်နေရတဲ့ လူတစ်စုကို တွေ့ရမှာပါ။ ထော်လဂျီပေါ် ပလပ်စတစ် ရွက်ဖျင်တဲ နဲ့ နေတဲ့သူကနေ၊ ဝက်ခြံတဲပေါ် ပလပ်စတစ် ရွက်ဖျင်ထိုးပြီး နေတဲ့သူကနေ ပါပဲ။


အဲဒီနေရာကတော့ မိုင်းကိုင်မြို့နယ် ပန်ကေတု ကျေးရွာအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေပါပဲ။

စစ်ရှောင်စခန်းကို ရောက်နေတဲ့သူတွေကတော့ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ သူတွေဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်တဲ့သူတွေကတော့ နယ်မြေစိုးမိုးရေး အကြောင်းပြပြီး တိုက်ပွဲဖြစ်နေကြပေမယ့် ကိုယ့်အိမ်ကိုယ့်ယာ ကို စွန့်ပြီး အဝတ်အစား မပါဘဲ စွန့်ခွာခဲ့ရတဲ့ အရပ်သား တွေကတော့ ပန်ကေတု ကျေးရွာမှာ ဖြစ်သလို နေထိုင်နေတာ ၃လ နီးပါးရှိလာခဲ့ပါပြီ။

လက်ရှိမှာ စစ်ရေး၊ ကိုဗစ်အရေးတွေကြောင့် စစ်ရှောင်တွေကို သွားရောက်ကူညီမယ့်သူတွေကလည်း အခက်အခဲတွေရှိနေတဲ့အတွက် စစ်ရှောင်တွေ စားနပ်ရိက္ခာြပတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်တွေကတော့ မိမိနေရပ်ကို ပြန်နိုင်ဖို့ အရေး၊ တိုက်ပွဲတွေ ငြိမ်းသက်ဖို့အရေး ပူးဆွေးသောကပေါင်းများစွာနဲ့ မျှော်လင့်နေကြပေမယ့် စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ သျှမ်းတပ်(၂)တပ်ကတော့ လက်ရှိအခြေအနေထိ တွေ့ဆုံဆွေးနွေးမှု မရှိသေးဘဲ စစ်ရေးက ဆက်လက်တင်းမာနေဆဲပါ။

သျှမ်းပြည်သူတွေ ဟာ နှစ်ပေါင်း (၇၀)ကျော်ကြာ စစ်ပဋိပက္ခ ဆိုးကျိုးကို ခံစားလာခဲ့ရပြီး ယနေ့ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားတဲ့ စစ်ရေး မပြီးနိုင်တဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...