ဖယ်ခုံမြို့နယ် အရပ်သား (၆)ဦးကို စစ်ကောင်စီက PDF နှင့်ပတ်သက်သူဟု စွတ်စွဲပြီး ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် အရပ်သား (၆)ဦးကို စစ်ကောင်စီတပ်ဖွဲ့က PDF နှင့် ပတ်သက်သူဟု စွတ်စွဲပြီး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ နိုဝင်ဘာ (၈)ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဆိုင်ကယ်သွားပြင်သည့် လူငယ် (၂)ဦးကို စစ်ကောင်စီက စစ်ဆေးပြီးနောက် နေအိမ်တွင် လိုက်သွားပြီး အိမ်တွင် ရှိနေသည့် လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။

“ကလေးတွေက ဆိုင်ကယ်ပျက်လို့သွားပြင်တာ။ စစ်တပ်နဲ့တွေ့ပြီးစစ်ဆေးခံရတာ။ လူငယ်တစ်ယောက်ရဲ့ ဖုန်းထဲမှာ PDF နဲ့ ပုံရိုက်ထားတယ်ဆိုပြီး ခေါ်သွားတာ။ အိမ်ကိုလည်း လိုက်လာသေးတယ်။ အိမ်မှာ ကျန်နေတဲ့ လူငယ်တစ်ယောက်ကိုလည်း ခေါ်သွားတာ။ သူတို့ (စစ်ကောင်စီ)က ပါလာတဲ့ PDF ဝတ်စုံကို လူငယ်တွေကို ဝတ်ခိုင်းပြီး ဖမ်းသွားတယ်။” ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် နေအိမ်သို့ လာရောက်စစ်ဆေးဖမ်းဆီးချိန်တွင် လူငယ်များ၏ ဖခင်ဖြစ်သူ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်သွားသေးကြောင်း သိရသည်။

“သူတို့အဖေက ကလေးတွေ စစ်နဲ့ ဘာမှမပတ်သက်ဘူး။ တောင်ယာတွေပဲ လုပ်ကြတယ်။ သူတို့က စစ်နဲ့ ဘာမှ မပတ်သက်ကြဘူး။ အဲလိုပြောတော့ စစ်သားတွေက သူ့အဖေကို “မင်းသေချင်နေလား၊ မသေချင်ရင် ပါးစပ်ပိတ်ထား” ဆိုပြီး အဲလို ခြိမ်းခြောက်သွားသေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လူငယ် (၃)ဦးကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် ည သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်တွင် ထိုလူငယ်၏ ဖခင်ကို ထပ်မံလာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် ဘေးအိမ်တွင် ရှိနေသည့် အသက် (၁၈)နှစ် မပြည့်သေးသည့် လူငယ် (၂)ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။

“ဟုတ်တယ်။ ညအချိန်မှာ သူ့အဖေကို ထပ်လာဖမ်းတာ။ သူ့အဖေကို သေနတ်ရှိတယ် စွတ်စွဲပြီးတော့ ဖမ်းတာ။ ပြီးတော့ဘေးအိမ်က လူငယ် (၂)ယောက်ကိုလည်း ဖမ်းသွားတယ်။ အဲ့လူငယ်တွေက ဘာမှမသိဘူး။ အသက် ၁၆ ၊ ၁၇ ဘဲ ရှိသေးတယ်။ အဲ့ကလေးတွေက အိမ်မှာ မိဘမရှိဘူး။ အိမ်မှာ သူတို့ ၂ ယောက်ဘဲရှိနေတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် နေအိမ်တွင် ကျန်ရှိနေသည့် မိဘများက စိုးရိမ်နေကြရကြောင်း သိရသည်။

“ခုချိန်ထိ ဘယ်နားရှိလဲ မသိရသေးဘူး။ သူတို့တစ်ခြားအဖွဲ့စည်းတွေကိုလည်း အကူညီလိုက်တောင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ မကူညီပေးနိုင်ဘူးတဲ့။ သူ့မိဘတွေက တော်တော်လေးစိုးရိမ်နေကြတယ်။ ကလေးတွေကို ယုတ်မာမှာကို စိတ်ပူနေရတယ်” ဟု နီးစပ်သူက ပြောသည်။

ထိုဖမ်းဆီးခံရသည့် လူ(၆)ဦးသည် သာမန် တောင်ယာလုပ်ငန်းသာ လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...